DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်ဂွန်မော် ကျန်းမာစွာရှိ
DVB
·
March 19, 2014
ဗိုလ်ချုပ်ဂွန်မော် ကျန်းမာစွာရှိ
Donate to DVB

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလုပ်ကိစ္စနဲ့ မတ်လ ၁၈ ရက်နေ့က တွေ့ဆုံခဲ့တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးညိုအုန်းမြင့်က ပြောပါတယ်။

[caption id="attachment_53413" align="alignright" width="300"]ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်[/caption]တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့စည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ရဲ့ ရန်ကုန်မြို့ကို သွားရောက်တဲ့ ခရီးစဉ်အတွင်း ဗိုလ်ချုပ်ဂွန်မော် လိုက်ပါသွားခြင်း မရှိခဲ့ပါဘူး။

ဒီနောက် ဖေ့စ်ဘွတ် အင်တာနက်စာမျက်နှာတချို့မှာ သတင်းရင်းမြစ်မယ်မယ်ရရမရှိဘဲ ဗိုလ်ချုပ်ဂွန်မော်ကို အဖွဲ့တွင်း သဘောထားကွဲလွဲလို့ အကျယ်ချုပ်ထိန်းသိမ်းထားတယ်ဆိုတဲ့ ကောလာဟလ ပျံ့နှံ့ခဲ့ပါတယ်။

ဒီဗွီဘီက ကေအိုင်အိုအသိုင်းအ၀ိုင်းကို မေးမြန်းရာမှာ ဒီကောလဟာလဟာ တမင်ဖြန့်ဝေကြတာသာ ဖြစ်တယ်လို့ ဖြေဆိုကြပါတယ်။ ဒီနောက်မှာ ဗိုလ်ချုပ်ဂွန်မော် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆေးရုံတက်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။

ဦးညိုအုန်းမြင့်က ဗိုလ်ချုပ်ဂွန်မော်ရဲ့ ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ ရန်ကုန်ခရီးစဉ်ကို မလိုက်ပါနိုင်တာဟာ အလုပ်များလွန်းလို့ဖြစ်ကြောင်း ဖြေကြားပြီး အသေးစိတ်ထုတ်ပြန်ဖို့ မရှိပါဘူးလို့ ပြောပါတယ်။

“ကျနော်တို့ ဒီမှာလာရင်းနဲ့ ပြီးခဲ့တဲ့အပတ်က ဗိုလ်ချုပ်ဂွန်မော် သူမလာဖြစ်တဲ့ ကိစ္စနဲ့ ကျနော်တို့လည်း ဒီမှာ တွေ့စရာလေးရှိတာနဲ့ လာတာပါ။ သူအလုပ်အရမ်းများနေလို့ပါ။ ကျန်းမာရေး အခြေအနေလည်း အားလုံးကောင်းပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013