DVB Logo
Home
မြန်မာသတင်း
ငွေတိုက်စာချုပ် ကန်ဒေါ်လာ ၃၇ သန်းဖိုး ရောင်းချပြီးဟု NUG စီမံ/ဘဏ္ဍာဝန်ကြီး ပြော
DVB
·
May 19, 2022
ငွေတိုက်စာချုပ် ကန်ဒေါ်လာ ၃၇ သန်းဖိုး ရောင်းချပြီးဟု NUG စီမံ/ဘဏ္ဍာဝန်ကြီး ပြော
Donate to DVB

လက်ရှိအချိန်ထိ ငွေတိုက်စာချုပ် အမေရိကန်ဒေါ်လာ ၃၇ သန်းဖိုး ရောင်းချနိုင်ခဲ့ပြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

မေ ၁၈ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောလိုက်တာဖြစ်ပြီး စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန အနေနဲ့ တော်လှန်ရေးစတင်ကတည်းက ဘဏ္ဍာငွေရှာဖွေရေး အစီအစဉ်ကို ကြိုးစားပြီး ဆောင် ရွက်ခဲ့တာ ဖြစ်ကြောင်းနဲ့ ပထဦးဆုံး နွေဦးထီကို ဖွင့်လှစ်ရောင်းချတာ၊ ဒုတိယအနေနဲ့ တပြိုင်နက်ထဲမှာပဲ ပြည်ထောင်စုအခွန်အကောက် ဥပဒေနဲ့အညီ အခွန်တွေ ကောက်ခံတာ၊  တတိယအချက်အနေနဲ့ အားလုံးသိရှိပြီး ဖြစ်တဲ့ NUG အစိုးရ ငွေတိုက်စာချုပ်တွေကို ရောင်းချခဲ့တာလို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်တွေကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့က စတင်ကာ ဥပဒေနဲ့အညီ ထုတ်ဝေရောင်းချနေတာ ဖြစ်ပါတယ်။

ငွေတိုက်စာချုပ်တွေကို အမေရိကန်ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀ တန်အမျိုးအစား ၄ မျိုးနဲ့ အတိုးမဲ့ ထုတ်ဝေရောင်းချနေတာဖြစ်ပြီး တစ်ဦးချင်း၊ တစ်ယောက်ချင်း စိတ်ကြိုက် ဝယ်ယူနိုင်တဲ့အပြင် အစုအဖွဲ့လိုက် စုပေါင်း စပ်ပေါင်းလည်း ဝယ်ယူနိုင်ပါတယ်။

စာချုပ်သက်တမ်းကိုတော့ ၂ နှစ်သတ်မှတ်ထားကာ သက်တမ်းစေ့ရောက်တဲ့အချိန်မတိုင်ခင်မှာ တဆင့်ပြန်လည်လွှဲပြောင်း၊ ရောင်းချ၊ ဝယ်ယူခွင့်ပြုမှာမဟုတ်ဘဲ သက်တမ်းစေ့ပြီးနောက်မှသာ သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။

အခုလို အထူးငွေတိုက်စာချုပ်တွေကို တော်လှန်ရေးအစိုးရတရပ်က အတိုးမဲ့ ထုတ်ဝေ ရောင်းချတာဟာ ကမ္ဘာ့သမိုင်းမှာတော့ ပထမဆုံးအကြိမ်ဖြစ်လာခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုလားတဲ့ မြန်မာပြည်သူတွေက စစ်အာ ဏာရှင်ကို အဆုံးစွန် ဆန့်ကျင်အာခံ တော်လှန်ခဲ့တဲ့ သမိုင်းမော်ကွန်းအဖြစ် ခမ်းနားစွာထင်ရှား ကျန်ရစ်ခဲ့မှာဖြစ်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောထားပါတယ်။

လတ်တလောမှာတော့ NUG အစိုးရက အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ အမှတ် ၁၄ အင်းလျားလမ်း အဆောက်အအုံနဲ့ ခြံကို ရောင်းချနေပြီး သီတင်း ၂ ပတ်မပြည့်ခင်မှာပဲ အမေရိကန်ဒေါ်လာ ၅ သန်းဖိုး ရှယ်ယာရောင်းထားရပြီ ဖြစ်ကာ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန အနေနဲ့ တော်လှန်ရေး စတင်ကတည်းက ဘဏ္ဍာရန်ပုံရှာဖွေမှုက အမေရိကန်ဒေါ်လာ ၄၂ သန်း လောက် ရရှိခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013