DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းနိုင်မည့် ဥပဒေ အတည်ပြု
DVB
·
March 18, 2014
လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းနိုင်မည့် ဥပဒေ အတည်ပြု
Donate to DVB

သက်ဆိုင်ရာ မဲဆန္ဒနယ်က မဲဆန္ဒရှင်ဦးရေရဲ့ ၁ ရာခိုင်နှုန်းက ကန့်ကွက်ရင် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်တဲ့ ဥပဒေကြမ်းကို ပြည့်သူလွှတ်တော်က မတ်လ ၁၈ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

၁ ရာခိုင်နှုန်းက နည်းလွန်းသလို သိပ်မခက်တဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေက အမြဲတမ်း အတိုင်ခံရဖို့များပြီး စစ်ဆေးဖို့ကလည်း ငွေကုန်ကြေးကျများသလို အချိန်ကုန်တဲ့ အတွက် ၁ ရာခိုင်နှုန်းနဲ့ မဖြစ်ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ်တွေက ကနဦးက ပယ်ချခဲ့တာပါ။

ဒါပေမယ့် မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းက တင်သွင်းလာရင်တော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းပြီး ဦးစွာမဲဆန္ဒရှင်ရဲ့ လတ်မှတ်တွေဟာ အဂတိကင်းမကင်း စစ်ဆေးရမှာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက ရှင်းပြပါတယ်။

ဒီနောက် အကြောင်းအရာကို စစ်ဆေးပြီးသေချာပေမယ့် လွှတ်တော် ကိုယ်စားလှယ်ကို ရပ်နားခွင့်မရှိဘဲ သက်ဆိုင်ရာ ဒေသမှာ မဲပေးပိုင်ခွင့်ရှိသူ တ၀က်က မဲလာရောက်ပေးကာ လူထုဆန္ဒခံယူပြီးမှ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စုံစမ်းရေးအဖွဲ့က လုပ်ကြံတိုင်ကြားတဲ့အကြောင်း သိရှိရပါက ကော်မရှင်အနေနဲ့ တိုင်ကြားသူတွေကို တရားစွဲသွားလို့ ရတယ်လို့ သူက ပြောပါတယ်။

ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ ဒီဥပဒေကို အမျိုးသား လွှတ်တော်မှာ အတည်ပြုရမှာ ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ထပ်မံအတည်ပြုရမှာ ဖြစ်တဲ့အတွက် နောင်လာမယ့် လွှတ်တော်ရောက်မှသာ ဒီဥပဒေကို အတည်ပြုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဥပဒေကို အရင်ကတည်းက တင်သွင်းခဲ့ပေမယ့် လွှတ်တော်က ဆိုင်းငံ့ထားပါဆိုပြီး အစိုးရကို ပို့ပေးခဲ့ပေမယ့် ပြန်လည်ပေးပို့လာတဲ့အတွက် ပြည်သူ့လွှတ်တော်မှာ ဆွေးနွေး အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013