DVB Logo
Home
မြန်မာသတင်း
အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း တင်သွင်းမှုကို ဝေဖန်
DVB
·
March 18, 2014
အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း တင်သွင်းမှုကို ဝေဖန်
Donate to DVB

စာနယ်ဇင်းကောင်စီက ကန့်ကွက်ထားတဲ့ အများပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က မတ် ၁၇ ရက်နေ့ လွှတ်တော်မှာ တင်သွင်းလိုက်ပြီးတဲ့နောက် ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။

ယူနက်စကိုရဲ့ အကူအညီကို ရယူရေးဆွဲထားတဲ့အပြင် အများပြည်သူ ၀န်ဆောင်မှု မီဒီယာဟာ နိုင်ငံရေး၊ စီးပွားရေးအရ စွက်ဖက်မှု ကင်းရမှာ ဖြစ်တဲ့အကြောင်း ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်က ရှင်းလင်း တင်သွင်းခဲ့ပါတယ်။ ဒီဥပဒေမူကြမ်းတင်သွင်းခဲ့တဲ့အပေါ် လွှတ်တော်အမတ်တွေနဲ့ စာနယ်ဇင်းသမားတွေက ဝေဖန်ခဲ့ကြပါတယ်။

ဥပဒေကြမ်းမှာ ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်ရှိ သတင်းစာ၊ ရုပ်သံနဲ့ မီဒီယာ လုပ်ငန်းတွေကို အများပိုင် ပြောင်းလဲမှာ ဖြစ်ပေမယ့် မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာကိုသာ ပြောင်းလဲမှာ ဖြစ်ပြီး အင်္ဂလိပ် ဘာသာနဲ့ ထုတ်ဝေတဲ့ The New Light of Myanmar ကို ပြောင်းလဲမှာ မဟုတ်သလို ဒါကိုလည်း ရှင်းရှင်းလင်း လင်းဖော်ပြထားတာ မတွေ့ရဘူးလို့ လွှတ်တော်အမတ် ဦးခိုင်မောင်ရီက ထောက်ပြပါတယ်။

စာနယ်ဇင်းကောင်စီ(ယာယီ)ကလည်း အများပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေ စတင်စဉ်ကတည်းက သဘောမတူကြောင်း ထုတ်ပြန်ကြေညာထားပြီး ဖြစ်သလို နိုင်ငံတကာပုံစံကို ယူပြီး လိုက်လုပ်ပေမယ့် ရုပ်သံ သတင်းစာတွေပါ ပါဝင်တဲ့ အတွက် ရှုပ်ထွေးမှု ရှိတယ်လို့ ကောင်စီက ဦးဇော်သက်ထွေးက ပြောပါတယ်။

သတင်းစာဖတ်နိုင်တဲ့ လူဦးရေ ၄၉ သန်းမှာ ၄၆ သန်းဟာ သတင်းစာ လုံးဝဖတ်ခွင့်မရ ဖြစ်နေတယ် ဆိုတာကို သတိထားမိတဲ့အကြောင်းလည်း ဥပဒေကြမ်း တင်သွင်းစဉ်မှာ ၀န်ကြီးက ပြောဆိုခဲ့ပါတယ်။

အများပြည်သူ ၀န်ဆောင်မှု သတင်းစာဆိုတာက ကမ္ဘာမှာ မရှိသလောက် ရှားသလို နိုင်ငံတော် ငွေကြေးကို ဖြုန်းတီးသလို ဖြစ်နေတယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်က ဦးမြင့်ကျော်က ပြောပါတယ်။

ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းစာတွေဟာ အမြတ်ပေါ်တယ်လို့ ပြောဆိုခဲ့ပေမယ့် အသုံးစရိတ်ကို သိန်းထောင်သောင်းချီတောင်းတာတွေ ရှိနေတဲ့ အတွက် ရှေ့နောက် ကွဲလွဲမှုတွေ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

အများပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို အရင်နှစ်ကတည်းက ဥပဒေကြမ်းကော်မတီကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013