DVB Logo
Home
မြန်မာသတင်း
SME စက်သုံးဆီ အရောင်းဆိုင်များကို အချိုးကျ ခွဲတမ်းစနစ်ဖြင့် စက်သုံးဆီ ရောင်းပေးမည်
DVB
·
May 18, 2022
SME စက်သုံးဆီ အရောင်းဆိုင်များကို အချိုးကျ ခွဲတမ်းစနစ်ဖြင့် စက်သုံးဆီ ရောင်းပေးမည်
Donate to DVB

အသေးစားနဲ့ အလတ်စား စက်သုံးဆီဆိုင်တွေကို အချိုးကျစနစ်နဲ့ စက်သုံးဆီ ခွဲဝေရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) က မေလ ၁၈ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အသေးစားနဲ့ အလတ်စား စက်သုံးဆီဆိုင်လုပ်ငန်းများကော်မတီ အစည်းအဝေးချက်အရ ဝယ်ယူခွင့်ရရှိတဲ့ စက်သုံးဆီ အရောင်းဆိုင် ၂၆၀ ကျော်ကို အချိုးကျစနစ်နဲ့ ခွဲဝေရောင်းချပေးမယ်လို့ ဆိုပါတယ်။

စက်သုံးဆီ တင်သွင်းသူတွေထံက ခွဲဝေရောင်းချပေးဖို့ ကတိပြုထားတဲ့ ရိုးရိုးဒီဇယ်ဆီ  ၂,၅၅၀,၀၀၀လီတာ၊  Ron 92- ၅၀၀,၀၀၀ လီတာ နဲ့ Ron 95 ၅၀၀,၀၀၀ လီတာ တို့ကို  ဆိုင်တစ်ဆိုင်ကို ရိုးရိုးဒီဇယ်ဆီ (၈၉၀၀)လီတာ၊ Ron 92(၁၇၀၀)လီတာ၊Ron 95 (၁၇၀၀) လီတာနှုန်း စီ အချိုးကျဝယ်ယူခွင့်ပေးမယ်လို့ သိရပါတယ်။

ဝယ်ယူခွင့်ရရှိတဲ့ ဆိုင်တွေအနေနဲ့ သက်ဆိုင်တဲ့ စက်သုံးဆီတင်သွင်းသူ ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီး မေလ ၂၅ရက်နေ့ နောက်ဆုံးထား ဝယ်ယူရမှာ ဖြစ်ပါတယ်။

ဝယ်ယူရမဲ့ စက်သုံးဆီစျေး သတ်မှတ်ချက်က စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ (PPRD) က ထုတ်ပြန်တဲ့ လက်ကားရည်ညွှန်းစျေးအတိုင်း ဝယ်ယူရမယ်လို့ သိရပါတယ်။

လတ်တလော လက်လီစျေးကွက်အတွင်းမှာလည်း စက်သုံးဆီ တစ်လီတာကို  ၂၂၀၀ ကျပ် ဝန်းကျင်ထိ မြင့်တက်နေပြီး  အသေးစားစက်သုံးဆီလက်လီ ရောင်းဆိုင်တွေအနေနဲ့လည်း ဆီဝယ်ယူရခက်တဲ့ အခြေအနေတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

သင်္ကြန်အပြီး ပြည်တွင်းစျေးကွက်မှာ  စက်သုံးဆီကို  ပမာဏကန့်အသတ်နဲ့ တန်းစီ  စောင့်ဆိုင်းဝယ်ယူရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013