DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ကျောက်မျက်ရတနာပြပွဲတွင် ဝယ်ယူသူကို ခိုးရာပါပစ္စည်းလက်ခံမှုဖြင့် NUG အရေးယူမည်
DVB
·
May 18, 2022
စစ်ကောင်စီ ကျောက်မျက်ရတနာပြပွဲတွင် ဝယ်ယူသူကို ခိုးရာပါပစ္စည်းလက်ခံမှုဖြင့် NUG အရေးယူမည်
Donate to DVB

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနဲ့ ရောင်းဝယ်ရေးလုပ်ငန်းတို့က ဦးစီးကျင်းပတဲ့ ကျောက်မျက်ရတနာပြပွဲတွေမှာ ဝယ်ယူသူတွေကို ဝယ်ယူချိန်က ပေးချေခဲ့တဲ့ တန်ဖိုး ၂ ဆကို နိုင်ငံတော်ထံ ပြန်လည်ပေးလျော်ခိုင်းမှာဖြစ်ပြီး  ခိုးရာပါပစ္စည်းလက်ခံမှုနဲ့အမှုဖွင့်မယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

NUG အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မေ ၁၈ ရက် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီး နိုင်ငံပိုင်ကျောက်မျက်ရတနာ၊ လက်ဝတ်ရတနာ၊ ပုလဲအတွဲတွေကို တင်ပြရောင်းချရာမှာ အဓိကတာဝန်ရှိတဲ့ စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းတွေကိုလည်း နိုင်ငံတော်ပိုင်ပစ္စည်းအလွဲသုံးမှုနဲ့ အရေးယူမယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် ရတနာပြပွဲတွေမှာ တင်ပြရောင်းချတာ၊ ဝယ်ယူတာတွေ လုပ်ဆောင်ခဲ့တဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ အရောင်းဆိုင်တွေကိုလည်း မှတ်တမ်းတင်ထားပြီး အမည်ပျက်စာရင်းသွင်းတာ၊ လုပ်ငန်း လုပ်ကိုင်ခွင့်ပိတ်သိမ်းတာတွေနဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကတည်းက မလျော်ဩဇာ အသုံးပြုကာ ကျောက်မျက်ရတနာ ပြပွဲတွေ ၂ ကြိမ်ထက်မနည်း ပြုလုပ်ပြီး စစ်တပ်ရန်ပုံငွေအတွက် ရှာဖွေနေတာဖြစ်ကာ ပြည်သူတွေကို အကြောင်းမဲ့ ပစ်ခတ်နှိမ်နင်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတာမို့ ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ NUG အစိုးရအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အကြိမ်ကြိမ် တိုက်တွန်းထားတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ NUG အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ အရေးယူဆောင်ရွက်မှုတွေဟာ အကြမ်းဖက်စစ်ကောင် စီလက်ထက် ကျင်းပပြုလုပ်တဲ့ ရတနာပြပွဲတွေ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနဲ့ ရောင်းဝယ်ရေးလုပ်ငန်းတို့က ကျင်းပတဲ့ ရုံးတွင်းသီးသန့် တင်ဒါဈေးပြိုင် ရောင်းချတာတွေ အားလုံးနဲ့ သက်ဆိုင်မှာဖြစ်ကြောင်းလည်း သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013