DVB Logo
Home
မြန်မာသတင်း
သေ့ဘောဘိုး စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက် (ရုပ်သံ)
DVB
·
May 18, 2022
သေ့ဘောဘိုး စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက် (ရုပ်သံ)
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဒေါနတောင်အရှေ့ခြမ်း သေ့ဘောဘိုးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ KNDO နဲ့ PDF  ပူးပေါင်းတပ်တွေက ဒီကနေ့ မေ ၁၈ ရက် မွန်းလွဲပိုင်းလောက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်တဲ့ စစ်မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေဆုံး၊ ၄ ဦးအရှင်ဖမ်းဆီးရမိ၊ ၂ ဦး မြေမြှုပ်မိုင်းနင်းမိခဲ့ကာ လက်နက် ကျည်ဆန်အကြီးအငယ် အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ KNLA ဘက်က ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီလေတပ်က တိုက်လေယာဉ်နဲ့ လာရောက်ပစ်ကူပေး ဗုံးကြဲတိုက်ခိုက်ခဲ့လို့  KNLA ဘက်က လည်း တပ်သား ၂ ယောက် ကျဆုံးပြီး  ၄ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

သေ့ဘောဘိုးစခန်းကို သိမ်းဆည်းပြီးနောက် စခန်းတွင်း နေထိုင်တဲ့ တဲလေးတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး  အဆိုပါ စခန်းမှ KNLA ပူးပေါင်းတပ်ဖွဲ့တွေပြန်လာထွက်ခွာခဲ့တယ်လို့သိရပါတယ်။

အဆိုပါ တပ်စခန်းသိမ်းပိုက်ရရှိခဲ့တယ်လို့  KNDO ဗိုလ်မှူးစလုံးကလည်း ထပ်မံအတည်ပြုပြောဆိုခဲ့ပါတယ်။ 

KNLA ပူးပေါင်းတပ်တွေက တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နေစဉ် စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ရေး လေယာဉ် ၃ စီးနဲ့ ရဟတ်ယာဉ် ၁ စီးက လာရောက် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်တိုင်းစစ်ရေးနယ်မြေ၊ ထောက်ပို့တာဝန်ခံ ကိုရဲမင်းက ဆိုပါတယ်။

”အခုနောက်ဆုံးသတင်းအရ စခန်းကိုတော့ရသွားပြီးလို့ သိရတယ်။ အခု လုံခြုံရေးအရဖြစ်မယ် သတင်းမထုတ်ပြန်သေးတာက။ အခုတောင် လေယာဉ်နဲ့ တောက်လျှောက်လာပစ်နေတယ်”

စခန်းသိမ်းတိုက်ပွဲကြောင့် သေ့ဘောဘိုးရွာသားတွေနဲ့ ဆုံဆည်းမြိုင်ရွာသားတွေ ၃၀၀ လောက်  ထိုင်းနိုင်ငံ တာခ်ရိုင် ဖုတ်ဖမြို့ မောကိုးထိုင်းနဲ့သစ်ဘောဘိုးထိုင်းရွာဘက်ကို စစ်ဘေးရှောင်  ထွက်ပြေးတိမ်းရှောင်သွား ကြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ တပ်မဟာ ၆ နယ်မြေကို ကျူးကျော်ဝင်ရောက်လာတဲ့အတွက် စစ်ကောင်စီတပ်တွေနဲ့ KNLA ၊ KNDO၊ PDF ပူးပေါင်းတပ်တွေနဲ့ နေ့စဉ်လိုလိုတိုက်ပွဲတွေဖြစ်ပွားနေသလို  စစ်ကောင်စီတပ်စခန်းတွေကို ပူးပေါင်းတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။

ဒါအပြင် KNLA ပူးပေါင်းတပ်ဖွဲတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိအပါအဝင် အရှင်ဖမ်းဆီးမိတာ၊ လက်နက်ခဲယမ်းမျိုးစုံ သိမ်းပိုက်ရယူနိုင်ခဲ့သလို တိုက်ပွဲတွေအတွင်း တပ်ရင်းမှူး အပါအဝင် သေဆုံးသူ၊ ဒဏ်ရာရရှိသူအများအပြားရှိခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်း  စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တွေက ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတာအပြင် အရပ်သားတွေကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်တာတွေကြောင့် စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကေအန်ယူထိန်းချုပ်ရာနယ်မြေအတွင်း အရပ်သားပြည်သူ ၇၀,၀၀၀ ကျော်ဟာ နေအိမ်စွန်ခွာပြီး တော၊ တောင်၊ လျှိုမြောင်တွေနဲ့ နယ်စပ်သောင်းရင်းမြစ်တလျှောက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013