DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံမြို့နယ်၌ တိုက်ပွဲဆက်ဖြစ်၊ ကျေးရွာ ၃၅ ရွာနီးပါး စစ်ဘေးရှောင်နေရ
DVB
·
May 17, 2022
ဖယ်ခုံမြို့နယ်၌ တိုက်ပွဲဆက်ဖြစ်၊ ကျေးရွာ ၃၅ ရွာနီးပါး စစ်ဘေးရှောင်နေရ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့၊ ဆီးမီးလော့ကျေးရွာအနီး ဒီကနေ့  မနက် ၅ နာရီက စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ မိုးဗြဲအခြေစိုက် စစ်ကောင်စီရဲ့  ခမရ-၄၂၂ တပ်က ဖယ်ခုံအရှေ့ဘက်ကမ်းက ကျေးရွာတွေဆီကို စစ်ကြောင်းထိုးလာတဲ့အတွက် ကရင်နီပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ အပြန်အလှန် ပစ်ခတ်မှုမှုတွေ ဖြစ်ပွားခဲ့တာလို့ KNDF-BO3 က ဒီဗွီဘီကို ပြောပါတယ်။

အပြန်အလှန်ထိတွေ့တိုက်ပွဲ ၃ နာရီလောက်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၃ ဦး သေဆုံးသွားတယ်လို့ KNDF-BO3 က တာဝန်ရှိသူတဦးက ပြောပါတယ်။  

“ဒီမနက် ၅ နာရီမှာ မိုးဗြဲ  ၄၂၂ တပ်ဘက်က စစ်သားတွေ အရှေ့ဘက်ကမ်းရွာကို စစ်ကြောင်းထိုးဖို့ လာတဲ့အတွက် လမ်းခုလတ်မှာ B03 အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က ၃ ယောက် ကျဆုံးတယ်လို့ အခုပဲ သတင်းပေးလာပါတယ်။”

အလားတူ မိုးဗြဲမြို့ရဲ့ အရှေ့ဘက်ခြမ်းမှာလည်း စစ်ကောင်စီဘက်က မနက်ကတည်းကနေ ညနေပိုင်းလောက်အထိ လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ တာဝန်ရှိသူတဦးက ပြောပါတယ်။

“လောလောဆယ်တော့ သူတို့က လက်နက်ကြီးတွေနဲ့ပဲ ထုနေတယ်။ အခုတော့ ထိခိုက်မှုတွေ ဘာတွေတော့ မရှိသေးဘူးဗျာ။ သူတို့ ခမ်းလှမ်းလှမ်းကပဲ လက်နက်ကြီးတွေနဲ့ ထုနေတာ အဆက်မပြတ်။ ဖယ်ခုံ စကခ ၇ ကနေ လှမ်းထုတာပေါ့။”

မနေ့ မေလ ၁၆ ရက်နေ့ မနက်ကလည်း စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦး သေဆုံးခဲ့တယ်လို့ ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ရှိသူက ပြောပါတယ်။

မနေ့ညနေပိုင်းမှာတော့  ဖယ်ခုံမြို့ ဆောင်နန်းခဲကျေးရွာ စစ်ကောင်စီက စစ်ကြောင်းထိုးရင်း မီးရှို့ခဲ့ပေမဲ့ ဒါဟာ PDF မီးရှို့ခဲ့ကြောင်း ထုတ်ပြန်တဲ့ပေါ် ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ရှိသူက “အဲဒါကတော့ စစ်ကောင်စီက တတိုင်ငံလုံး နေရာတိုင်းကို ရှို့နေကျလေ။ ကျနော်တို့က ကျနော်တို့ ကျနော်တို့အိမ်တွေကို ဘယ်ရှို့မလဲ။ သူတို့က အိမ်ဆိုတာ သူတို့မသိဘူးလေ။ ဘယ်လောက်ထိတောင် သွေး ချွေးနဲ့ နှစ်နဲ့ချီ စုဆောင်းထားရတယ်ဆိုတာ သူတို့ မသိဘူး။ ကျနော်တို့ရဲ့ အိမ်ကို ကျနော်တို့က ကာကွယ်ဖို့ပဲ လုပ်တာ။ ကျနော်တို့အိမ်တွေကို ကျနော်တို့ ဘယ်ပြန်ရှို့ပါ့မလဲ” လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိအချိန်ဟာ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးတွေ လုပ်နေကာ နည်းပေါင်းစုံနဲ့ ရက်စက်တဲ့နည်းလမ်းနဲ့ လုပ်နေတာဖြစ်ပြီး ဆောင်နန်းခဲကျေးရွာ မီးရှို့မှုဟာ ဒေသခံ အိမ် ၇၀ လောက် မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။

“စစ်ကောင်စီကတာ့ အခုက နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက်တော့ လုပ်နေတယ်လေ။ သူတို့တွေကတော့ ယုတ်မာ ရက်စက်တဲ့ နည်းလမ်းတွေနဲ့ ပေါင်းစုံလုပ်တယ်။ မနေ့တုန်းက ဆောင်နန်းခဲရွာဆိုလို့ရှိရင် တရွာလုံးနီးပါးကို ပါသွားတာ။ အိမ်ခြေပေါင်းက ၇၀ ဝန်းကျင် ရှိတယ်ပေါ့။ အရှေ့ဘက်ကမ်းကြောဆိုရင်လည်း ရွာပေါင်း ၃၅ ရွာလောက် စစ်ဘေးရှောင်နေရတယ်။ ကျေးရွာအုပ်စုနဲ့ တွက်ရင် ၅ ရွာအုပ်စုလောက်ရှိတယ်။ အကုန်လုံး စစ်ဘေးရှောင်နေရပြီ။”

ဒါ့အပြင် နှစ်စတုန်းက တိုက်ပွဲကြောင့် စစ်ရှောင်နေရတဲ့ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ရှာင်တွေဟာ အဲဒီ ဖယ်ခုံအရှေ့ခြမ်းတွေမှာ စစ်ရှောင်နေကြရတာဖြစ်ပြီး အခုရက်ပိုင်း ဖြစ်တဲ့ တိုက်ပွဲကြောင့် အဆိုပါ ကျေးရွာခံ အပါအဝင် စစ်ရှောင်တွေပါ ထပ်ရှောင်နေတဲ့အနေအထား ဖြစ်နေရပါတယ်။

လက်ရှိအခြေမှာ စစ်ကောင်စီ စစ်ကြောင်းထိုးတဲ့အတွက်ကြောင့်လည်း ပြည်သူ့ကာကွယ်ရေးတပ် ဘက်က ထောက်ပို့ဆိုင်ရာ အကူအညီတွေ လိုအပ်နေကြောင်းလည်း KNDF BO3 က တာဝန်ရှိသူက ပြောပါတယ်။

“စစ်ကောင်စီက စစ်ကြောင်း ၂ ခုထိုးပြီး အရှေ့ဘက်ကမ်းမှာရှိနေတဲ့ ကျနော်တို့ ကာကွယ်ရေးတပ်တွေကို ထွက်ပေါက်မရှိအောင် ညှပ်ထားတဲ့ အခြေအနေ ရှိနေပါတယ်။ ကျနော်တို့အတွက် ထောက်ပို့ဆိုင်ရာမှာ အခက်ခဲဖြစ်နေတာကြောင့် လက်ရှိ KNDF/B-03 က ပြုလုပ်နေတဲ့ Chilli Campaign မှာ ထောက်ပို့တပ်သားအဖြစ် ပါဝင်ပေးကြဖို့ ပြည်တွင်း ပြည်ပ အလှူရှင်တွေကို ဖိတ်ခေါ်ချင်ပါတယ်ဗျ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013