DVB Logo
Home
Lead Story
၂၀၁၄-၁၅ ဘဏ္ဍာနှစ် အထည်ချုပ်လုပ်ငန်းက ပြည်ပပို့ကုန်ရငွေ ဒေါ်လာ ၁ ဘီလီယံခွဲ ရှိမည်
DVB
·
March 18, 2014
၂၀၁၄-၁၅ ဘဏ္ဍာနှစ် အထည်ချုပ်လုပ်ငန်းက ပြည်ပပို့ကုန်ရငွေ ဒေါ်လာ ၁ ဘီလီယံခွဲ ရှိမည်
Donate to DVB

ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံက မြန်မာဈေးကွက်ထဲ ၀င်ရောက်လာကြလို့ လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှာ အထည်ချုပ်လုပ်ငန်းကနေ ပြည်ပပို့ကုန် ရငွေ ၁ ဆခွဲလောက် တိုးတက်လာမှာ ဖြစ်ပြီး ဒေါ်လာ ၁ ဘီလီယံခွဲလောက်အထိတောင် ရောက်လာနိုင်တယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။

[caption id="attachment_32551" align="alignright" width="300"]လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ) လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ)[/caption]

မတ် ၁၇ ရက်နေ့က ရန်ကုန် ကန်တော်ကြီးပဲလေ့ဟိုတယ်မှာ လုပ်တဲ့ မြန်မာ- သြစတြေးလျ ကုန်သည်များ တွေ့ဆုံပွဲနဲ့ လက်မှတ်ရေးထိုးပွဲမှာ သတင်းထောက်တွေကို သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အထည်ချုပ်ပို့ကုန်ဟာ ၂၀၁၂-၁၃ ခုနှစ်မှာ ဒေါ်လာ သန်း ၈၀၀ ကျော်ကနေ အခု ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၁ ဘီလီယံအထိ တိုးတက်လာပါတယ်။

နိုင်ငံတကာကနေ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ဖယ်ရှားပြီးနောက် ၂၀၁၃ ဇွန်လမှာ ဥရောပသမဂ္ဂနိုင်ငံတွေဟာ မြန်မာကို အထူးအခွန် ကင်းလွတ်ခွင့် ဂျီအက်စ်ပီ ပေးခဲ့လို့ စီအမ်ပီ လက်ခစား အထည်ချုပ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ များလာသလို ပို့ကုန်ပမာဏလည်း တက်လာတာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013