DVB Logo
Home
မြန်မာသတင်း
ရွှေကုန်သည်များလိုက်နာရမည့် ၇ ချက် YGEA ထုတ်ပြန်၊ မလိုက်နာလျှင် အရေးယူမည်
DVB
·
May 17, 2022
ရွှေကုန်သည်များလိုက်နာရမည့် ၇ ချက် YGEA ထုတ်ပြန်၊ မလိုက်နာလျှင် အရေးယူမည်
Donate to DVB

ရွေမှောင်ခိုစျေးကွက် ပပျောက်ပြီး ရွှေစျေးနှုန်းတည်ငြိမ်စေဖို့အတွက် ရွှေကုန်သည်တွေ လိုက်နာရမယ့် အချက် ၇ ချက်ကို ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ဒီနေ့ ထုတ်ပြန်လိုက်ပြီး မလိုက်နာပါက အရေးယူသွားမယ်လို့ ဆိုပါတယ်။

ရွှေဆိုင်နဲ့ရွှေကုန်သည်များ အရောင်းအဝယ် လိုင်စင်လုပ်ဖို့၊ မီးလင်း အတုံးအခဲ အရောင်းအ၀ယ် ပြုလုပ်သူတွေ လိုင်စင်ပြုလုပ်ထားဖို့၊ လူမှုကွန်ရက်နဲ့ အွန်လိုင်းကနေ ရွှေအရောင်းအဝယ် လုပ်နေတဲ့ လိုင်စင်မရှိသူများကို အရေးယူဖို့၊ ရွှေအရောင်းအ၀ယ် စာရင်းဇယားတွေကို မှန်ကန်စွာ စာရင်းပြုစုဖို့၊ ရွှေအသင်းရုံးခန်းအတွင်းမှအပ အခြားနေရာမှာ ရောင်းဝယ်ခြင်းမပြုဖို့နဲ့ လက်ငင်းစနစ်နဲ့ အရောင်းအ၀ယ်ပြုဖို့၊ စားရင်းပေး၊ သတင်းပေးပို့မှုမရှိဘဲ နယ်စပ်ဖြတ်ကျော် ရောင်းဝယ်တာ မပြုဖို့နဲ့ မလိုက်နာတဲ့သူတွေကို ဥပဒေအရ အရေးယူဖို့ ရွှေအသင်းက ထုတ်ပြန်ထားတာပါ။

လက်ရှိမှာ ရွှေကုန်သည်နဲ့ ရွှေဆိုင်ပိုင်ရှင်တချို့ကို အထူးစုံစမ်းစစ်ရေးဦးစီးဌာနက ခေါ်ယူ စစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း ရွှေကုန်သည်အသိုင်းအဝိုင်းက သိရပါတယ်။

ရွှေကုန်သည်တဦးက “စစ်ကောင်စီနဲ့ ရွှေအသင်းနဲ့ ပေါင်းပြီးထုတ်ပြန်တာပေါ့။ သူတို့က ရွှေစျေးကွက်ကို ထိန်းချုပ်ချင်တာ၊ အသင်းကလည်း  စကစ ဖြစ်စေချင်တာ လုပ်ကြတာ။ သူတို့စျေး သူတို့လည်း မရောင်းပေးနိုင်ပါဘူး။ အရင်ကတည်းက ရွှေဆိုင်တွေကို စောင့်ကြည့်ပြီး ခေါ်စစ်ဆေးနေတာပဲ။ သူတို့လုပ်ပုံက စီးပွားရေးလုပ်သူတွေလည်း ရူး၊ ပြည်သူလည်း ရူးမှာ”လို့ ပြောပါတယ်။

YGEA ရဲ့ မေလ ၁၆ ရက်နေ့ ညနေပိုင်း ရွှေအပိတ်စျေးက တကျပ်သားကို ငွေကျပ် ၂,၀၃၅,၀၀၀ ဖြစ်ပြီး စျေးကွက်ထဲမှာတော့ အဲဒီစျေးနဲ့ ၀ယ်လိုအားရှိပေမဲ့ ရောင်းချသူ နည်းပါးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013