DVB Logo
Home
မြန်မာသတင်း
‘မီးလျှံကြားက ဖြစ်ရပ်မှန်စကားသံများ’ သတင်းမှတ်တမ်းရုပ်သံ ထုတ်လွှင့်မည်
DVB
·
May 17, 2022
‘မီးလျှံကြားက ဖြစ်ရပ်မှန်စကားသံများ’ သတင်းမှတ်တမ်းရုပ်သံ ထုတ်လွှင့်မည်
Donate to DVB

စစ်ကောင်စီတပ်တွေ အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့တဲ့ မြန်မာပြည်တွင်းက ကျေးရွာဒေသခံတွေရဲ့ ဖြစ်ရပ်မှန် စကားသံတွေ ပါဝင်တဲ့ ‘မီးလျှံကြားက ဖြစ်ရပ်မှန်စကားသံများ’  သတင်းမှတ်တမ်း ရုပ်သံကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်လွှင့်ပြသသွားမယ်လို့ ကြေညာထားပါတယ်။

ဒီမှတ်တမ်းရုပ်သံကိုတော့ မေ ၁၈ ရက် ညနေ ၆ နာရီမှာ NUG အစိုးရ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာ၊ Public Voice Television ရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ ယူကျုဘ်တွေကတဆင့် ထုတ်လွှင့်ပြသသွားမယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကတည်းက ခုချိန်ထိတိုင်အောင် မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့ နိုင်ငံတဝန်း ပြည်သူလူထုတွေကို ဖမ်းဆီးပစ်ခတ် သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကို အကြိမ်ကြိမ် ကျူးလွန်နေတာ ဖြစ်ပါတယ်။

Data for Myanmar အဖွဲ့က ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ လက်ပါးစေ အဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၁၁,၄၁၇ လုံးလောက်ထိ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံအနှံ့ နေရာပေါင်း ၂၉၆ နေရာလောက်မှာ ဖြစ်ပွားခဲ့ပြီး မြေပုံ၊ ဂရပ်တွေနဲ့တကွ ယှဉ်တွဲဖော်ပြထားကာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ တိုက်ပွဲသတင်းတွေနဲ့ နေအိမ်မီးရှို့ခံရတဲ့ သတင်းတွေကို ရက်အလိုက်၊ ဖြစ်စဉ်အလိုက် ပြန်စီပြီးတော့ ရေတွက်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃၀  ရက်အထိ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့အတွက် လူနေအိမ်ခြေ ပျက်စီးဆုံးရှုံးမှု အစဉ်လိုက်စာရင်းမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးက ၇,၅၀၃ လုံးနဲ့ အများဆုံးဖြစ်ပြီး သူ့နောက်မှာ မကွေးတိုင်းက ၂,၁၃၁ လုံး၊ ချင်းပြည်နယ်က ၁,၁၄၇ လုံး၊ ကယားပြည်နယ်က ၄၀၇ လုံးစီနဲ့ ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်း နေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013