DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ကောင်စီကြောင့် ကျဆုံးခဲ့သည့် LGBTQ ၁၇ ဦးကို သက်တံ့ရောင်နွေဦးသူရဲ ကောင်းများအဖြစ် NUG ဂုဏ်ပြု
DVB
·
May 17, 2022
အကြမ်းဖက်စစ်ကောင်စီကြောင့် ကျဆုံးခဲ့သည့် LGBTQ ၁၇ ဦးကို သက်တံ့ရောင်နွေဦးသူရဲ ကောင်းများအဖြစ် NUG ဂုဏ်ပြု
Donate to DVB

သက်တံ့ရောင်နွေဦးသူရဲကောင်း LGBTQ တွေရဲ့ တိုင်းပြည်အတွက် အနစ်နာခံမှု၊ မတရားမှုကို တွန်းလှန်တိုက်ထုတ်ဝံ့တဲ့ ရဲရင့်မှုတွေကို မှတ်တင်းတင်ဂုဏ်ပြုကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကြေညာပါတယ်။

မေလ ၁၇ ရက် ဒီကနေ့ ကျရောက်တဲ့  "လိင်စိတ်တိမ်းညွှတ်မှုများအပေါ် အခြေပြုသည့် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာနေ့”မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မှတ်တင်းတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်လိုက်တာပါ။

အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ချက်ကြောင့်  မြန်မာနိုင်ငံတဝန်း အနည်းဆုံး LGBTIQ ၁၇ ယောက် သေဆုံးခဲ့ရပြီး ၂ ယောက်ကတော့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် LGBTIQ ပေါင်း ၈၅ ယောက်ထက်မနည်း မတရား ဖမ်းဆီးထိမ်းသိမ်းခံထားရဆဲဖြစ်ပြီး  အယောက် ၅၀ လောက်ကတော့ ဖမ်းဝရမ်းကြောင့် တိမ်းရှောင်နေရဆဲဖြစ်တယ်လို့  NUG က ထုတ်ပြန်ထားပါတယ်။

အဲဒီလို မတရားသဖြင့် အကြမ်းဖက်ခံရမှုတွေ ခံစားကြရပေမယ့် မြောက်မြားလှတဲ့ သက်တံ့ရောင် နွေဦးသူရဲကောင်းတွေဟာ အကြမ်းဖက် စစ်ကောင်စီကို နည်းလမ်းအမျိုးမျိုးနဲ့ နေရာအမျိုးမျိုးကနေ ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ကာ နွေဦးတော်လှန်ရေးရဲ့ အဓိကအခန်းကဏ္ဍမှာ ပါဝင်တဲ့ CDM လှုပ်ရှားမှုတွေ၊ အာဏာရှင်ကို ခြိမ်းခြောက်မှုပြုနိုင်တဲ့ သပိတ် စစ်ကြောင်းတွေ၊ ပြည်သူကို လက်နက်အားကိုး အနိုင်ကျင့်တဲ့ စစ်ကောင်စီကို တွန်းလှန်ခုခံမှုပြုနိုင်တဲ့ PDF အဖွဲ့အစည်းတွေစတဲ့ နေရာဒေသအသီးသီးကနေ ဆက်လက် တိုက်ပွဲဝင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့အာဏာကို မတရားသဖြင့် သိမ်းယူဖို့  ကြိုးပမ်းခဲ့တဲ့ ၁ နှစ်ကျော်ကာလအတွင်းမှာ ပြည်သူအမြောက်အမြားကို ဖမ်းဆီး၊ နှိပ်စက် အကြမ်းဖက် သတ်ဖြတ်တဲ့ ရာဇဝတ်မှုပေါင်းများစွာကို ကျူးလွန်ခဲ့ကြောင်း သက်သေအထောက်အထား အများအပြား ရရှိထားပြီး အဲဒီမတရားမှုကို တွန်းလှန်တဲ့ ပြည်သူများစွာကို နှိပ်စက်မှုတွေထဲမှာမှ လိင်စိတ်တိမ်းညွှတ်မှုကွဲပြားတဲ့ ပြည်သူတွေအပေါ်  လူမဆန်တဲ့ ပိုမိုပြင်းထန်တဲ့ အကြမ်းဖက်မှု တွေ ကျူးလွန်ခဲ့ကြတယ်လို့ ဆိုပါတယ်။

NUG အစိုးရအနေနဲ့ LGBTIQ အင်အားစုတွေအပေါ်အခြေပြုကာ အကြမ်းဖက်ခံရခြင်းတွေအပေါ်  တရားမျှတတဲ့ စီရင်နိုင်မှုတွေ ရရှိနိုင်ရေးနဲ့တကွ လိင်စိတ်တိမ်းညွှတ်မှုအပေါ် အခြေပြုတဲ့ ကြောက်ရွံ့မုန်းတီးမှုတွေ ပပျောက်နိုင်ရေးအထိ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ထပ်လောင်းကတိသစ္စာပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013