
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ၂ နိုင်ငံ ချစ်ကြည်ရေးတံတားသစ်ကြီးကတဆင့် အိမ်နီးချင်း တရုတ်နိုင်ငံ၊ ဒန်ဒုံးမြို့ကို ရောက်ရှိလာတယ်လို့ တောင်ကိုရီးယား အစိုးရ သတင်းရင်းမြစ် ကို ကိုးကားပြီး ယွန်ဟက်ပ်သတင်းဌာနက အောက်တိုဘာ ၂၄ ရက်မှာ ဖော်ပြပါတယ်။
ဒီခရီးစဉ်နဲ့ ပတ်သက်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကတော့ ချက်ချင်း မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို ချက်ချင်း တုံ့ပြန် ဖြေကြားခြင်း မရှိသေးပါဘူး။
တရုတ်နဲ့ မြောက်ကိုရီးယားဟာ ၂ နိုင်ငံ ဆက်ဆံရေး တင်းမာခဲ့တာတွေနဲ့ ကပ်ရောဂါကြောင့် ထိခိုက် ခဲ့ရတဲ့ ကုန်သွယ်စီးပွားရေးကို ပြန်လည်ဦးမော့လာစေဖို့ ရည်ရွယ်ပြီး ဒန်ဒုံးမြို့မှာရှိတဲ့ အရေးအပါဆုံး ကုန်းလမ်း နယ်စပ်ဂိတ်ကို ဒီလအစောပိုင်းကမှ တရားဝင် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











