DVB Logo
Home
Lead Story
မလေးရှား နိုင်ငံရေးအကျဉ်းသားများ၏ ထောင်တွင်းအတွေ့အကြုံ ပြဇာတ်
DVB
·
March 18, 2014
မလေးရှား နိုင်ငံရေးအကျဉ်းသားများ၏ ထောင်တွင်းအတွေ့အကြုံ ပြဇာတ်
Donate to DVB

မလေးရှားအကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရသူတွေရဲ့ နှိပ်စက်ခံရသူတွေ အကြောင်း သရုပ်ဖော်ထားတဲ့ ပြဇာတ်တပုဒ်အတွက် ဇာတ်လမ်းတပုဒ်ပါ။ ဒါဟာ နာမည်ကျော် နိုင်ငံရေးလှုပ်ရှားသူ ဟီရှာမူဒင် ရာအိစ်ရဲ့ ဖန်တီးမှုလည်း ဖြစ်ပါတယ်။

Malaysia_ISA_Play_web_140315_672 copyဟီရှာမူဒင် ရာအိစ်က “ဒီစိတ်ကူးက နိုင်ငံရေးအကျဉ်းသားတွေ အများကြီးရဲ့ စုပေါင်း အမှတ်တရတွေကနေ ဖြစ်လာ တာပါ။ ပြည်တွင်းလုံခြုံရေးအက်ဥပဒေ (အိုင်အက်စ်အေ) အကျဉ်းသားတွေရဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်ဖွဲ့စည်း ထားတာပါ။ ပေးချင်တဲ့အချက်ကတော့ အမှုမစစ်ဆေးဘဲ ဖမ်းဆီး ထိန်းသိမ်းထားတာဟာ မှားယွင်းတယ်ဆိုတာပါပဲ။ ဒါ လူ့အခွင့်အရေး ချိုးဖောက်မှု တခုပါပဲ” လို့ ပြောပါတယ်။

ပြည်တွင်းလုံခြုံရေးအက်ဥပဒေ ခေါ် အိုင်အက်စ်အေဟာ စစ်ဆေးမေးမြန်းမှုမရှိ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခွင့်ပြုထားတာပါ။ နောက် ထိန်းသိမ်းခံရသူတချို့လည်း အကျဉ်းထောင်ထဲမှာ သေဆုံးကြရပါတယ်။ အဲဒီဥပဒေအောက်မှာ ရက်ပေါင်း ၅၀၀ လောက် ထိန်းသိမ်းခံခဲ့ရတဲ့ ကွာကီယာဆူးဟာ ၁၉၈၇ ခုနှစ်မှာ လူမျိုးရေးတင်းမာမှုတွေ လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲခံရတဲ့ တက်ကြွလှုပ်ရှားသူနဲ့ အတိုက်အခံ နိုင်ငံရေးသမား ၁၀၆ ယောက်တို့နဲအတူ အဖမ်းခံရတာပါ။

ကွာကီယာဆူးက “အဲဒီမှာ အိုင်အက်စ်အေဥပဒေအောက်မှာ ထိန်းသိမ်းခံရတဲ့ လူအများစုဟာ သူတို့ကို အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတာလို့ ယူဆလိုက်တာကြောင့် အစိုးရက အဲဒီ အပြစ်ထက်ပိုပြီး သူတို့ကို ပြစ်ဒဏ်ပေး ခံနေရတာပါပဲ” လို့ ပြောပါတယ်။

.သူဟာ ဒီပြဇာတ်ထဲမှာ ထည့်သွင်းရေးဖွဲ့ထားတဲ့ ဆွာရမ်လူ့အခွင့်အရေးအုပ်စုကို ဆက်လက် ထူထောင်ခဲ့ပါတယ်။ ဒီအုပ်စုဟာ ၂၀၁၂ ခုနှစ်မှာ ရုပ်သိမ်းလိုက်ရတဲ့ အိုင်အက်စ်အေ ဥပဒေ ဖျက်သိမ်းရေး ပါဝင်လှုပ်ရှားရာမှာ အဓိကအခန်းကဏ္ဍက လှုပ်ရှားခဲ့ပါတယ်။

ကွာကီယာဆူးက “ဘာလို့လဲဆိုတော့ ဒီ အိုင်အက်စ်အေဥပဒေအောက်မှာ ဒီလောက်ကြောက်ဖို့ကောင်းတဲ့ အဖြစ်အပျက်တွေ ကြုံခဲ့ရလို့ ပြည်သူတွေကို ဒီလို အတွေ့အကြုံတွေ ထပ်ပြီး ဘယ်တော့မှ မကြုံတွေ့ မခံစားစေရဘူး” လို့ ပြောပါတယ်။

ဒါပေမယ့် သူတို့တိုက်ပွဲဟာ သူတို့အကျိုးအတွက် လုပ်နေတာမဟုတ်ဘူးလို့ ပြောပါတယ်။ လူတွေကို အမှုတင် မစစ်ဆေးဘဲ ထိန်းသိမ်းထားခွင့်ရှိတဲ့ လုံခြုံရေးထိခိုက်မှု ဥပဒေနဲ့ ရာဇ၀တ်မှုကာကွယ်ရေး အက်ဥပဒေတွေကတော့ ရှိနေတုန်းပါပဲ။

ဆွာရမ်အဖွဲ့ ညှိနှိုင်းရေးမှူး အာမက် ဆယူးကီ အဗ္ဗဒ် ရာဇာတ်က “ဒီဥပဒေတွေအောက်မှာ လူတွေကို စစ်ဆေးမေးမြန်းခြင်း မရှိ ရဲကို ဖမ်းဆီးခွင့်jပုပေးထားတဲ့ အန္တရာယ်ရှိတဲ့ အက်ဥပဒေတွေ ကျနော်တို့ ကြုံနေရတာပါ။ ဒါကြောင့် ဒီပြဇာတ်ရုံထဲမှာ ကျနော်တို့ ပေးချင်တဲ့ သတင်းအချက်အလက်ကတော့ ဒီဥပဒေတွေကို ဖယ်ရှားလိုက်ပြီ ဆိုရင်လည်း ပြည်သူတွေ နားလည်နေရမယ်။ အိုင်အက်စ်အေဥပဒေနဲ့ အလားတူဖြစ်တဲ့ တခြားဥပဒေတွေနဲ့ ထိန်းသိမ်းခံနေရသူတွေအတွက် ကြိမ်ဒဏ် ဆိုတဲ့ အန္တရာယ်ကလည်း ရှိနေဦးမယ်” လို့ ပြောပါတယ်။

အစိုးရဘက်ကတော့ ဒီဥပဒေတွေဟာ ရာဇ၀တ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ လက်ဦးမှု ရစေတဲ့ သြဇာအာဏာကို ရဲတပ်ဖွဲ့ကို ပေးအပ်ဖို့ လိုအပ်နေတုန်းပဲလို့ ယူဆ ထားပါတယ်။

ဒါပေမယ့် ဒီဥပဒေတွေဟာ နိုင်ငံရေးဖိနှိပ်မှုတွေ ဆက်ရှိနေတဲ့သဘောပဲလို့ ကွာကီယာဆူးက ပြောပါတယ်။

“ကျနော့်တဦးတည်းသဘော ပြောရရင်တော့ ဒါဟာ ၀ိုင်အဟောင်းကို ပုလင်းအသစ်ထဲ ပြောင်းထည့်လိုက်တာပါပဲ။  ဒါကြောင့် တကယ်တော့ စစ်ဆေးမေးမြန်းမှု မရှိပဲ ဖမ်းဆီး ထိန်းသိမ်းတာ မဖျက်သိမ်းသေးပါဘူး။”

ဒီလှုပ်ရှားမှုအစီအစဉ် တစိတ်တပိုင်းအနေနဲ့ ဒီပြဇာတ်ကို ပြည်ပနိုင်ငံတွေမှာလည်း သွားရောက် ပြသမယ်လို့ ဒါရိုက်တာ ဟီရှာမူဒင် ရာအိစ်က ပြောပါတယ်။

“ကျနော်တို့ ယူနိုက်တက်ကင်းဒမ်းကို ၁ လလောက် သွားဖို့ ရှိပါတယ်။ အစစ်ဆေး အမေးမြန်း မရှိ ဖမ်းဆီးနေတာကို ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုအနေနဲ့ ယူနိုက်တက် ကင်းဒမ်းက မလေးရှားမိသားစုတွေကို ဒီပြဇာတ် သွားကပြမှာပါ။ ကျနော်တို့က Amnesty International အဖွဲ့ရဲ့ ဧည့်သည်တော်အနေနဲ့ပေါ့ဗျာ။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဖိုင်ဇယ်လ်မိုတာက မလေးရှားနိုင်ငံ ကီနီကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013