DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း စားအုန်းဆီ အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်း သတ်မှတ်ချက် ပြန်ကျဆင်း
DVB
·
May 16, 2022
ပြည်တွင်း စားအုန်းဆီ အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်း သတ်မှတ်ချက် ပြန်ကျဆင်း
Donate to DVB

စားအုန်းဆီတင်သွင်းသိုလှောင် ဖြန့်ဖြူခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက  မေလ ၁၆ ရက်ကနေ ၂၂ ရက် အတွက် သတ်မှတ်တဲ့ စားအုန်းဆီ လက်ကားရည်ညွှန်း ဈေးနှုန်းဟာ အရင်တပတ် သတ်မှတ်ဈေးနှုန်းထက်   လျော့နည်းကျဆင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က တစ်ပိဿာကို  ၆၀၂၅ ကျပ် သတ်မှတ်ခဲ့ပြီးတော့  ကမ္ဘာ့စားအုန်းဆီဈေး အနည်းငယ် ကျဆင်းခဲ့လို့ အခုတစ်ပတ်မှာ တစ်ပိဿာကို အခြေခံလက်ကားရည်ညွှန်းဈေး  ၅၆၈၅ ကျပ် သတ်မှတ်လိုက်တာပါ။

ကော်မတီအနေနဲ့ ကမ္ဘာ့စားအုန်းဆီဈေးနှုန်းအပေါ် အခြေခံပြီး သယ်ယူစရိတ်၊ ဘဏ်စရိတ်နဲ့ အခွန်အခ ကုန်ကျစရိတ်တွေ ထည့်သွင်း တွက်ချက်ကာ ပြည်တွင်းဈေးကွက်မှာ ရောင်း၀ယ် ဖောက်ကားရမယ့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဥ် ထုတ်ပြန်ပေးနေတာပါ။

ပြည်တွင်းစျေးကွက်အတွင်းမှာ ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ မသမာတဲ့နည်းနဲ့ လုပ်ဆောင်တာတွေ ရှိခဲ့ရင် ဥပဒေအရ အရေးယူမယ်လို့ သတိပေးထားပါတယ်။

ကော်မတီက အခုလိုဈေးနှုန်းသတ်မှတ် ထုတ်ပြန်ပေးနေပေမဲ့ လတ်တလော ပြင်ပဈေးကွက်မှာတော့ စားအုန်းဆီ လိုသလောက် ၀ယ်ယူရခက်တဲ့ပြဿနာ၊ ဈေးနှုန်းမတည်ငြိမ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်နေပါတယ်။

“ပွထလို့ပဲ စျေးတွေက၊  လိုသလောက်လည်း ၀ယ်လို့မရဘူး။ ဈေးတွေက အမျိုးမျိုးဖြစ်နေတော့ ရောင်းရချရတာ တော်တော်စိတ်ညစ်ရတယ်” လို့ လက်လီရောင်းချသူတစ်ဦးက ပြောပါတယ်။

လတ်တလော ပြည်တွင်းဈေးကွက်အတွင်းမှာ စာအုန်းဆီ တစ်ပိဿာကို နေရာဒေသအပေါ် မူတည်ပြီး  ကျပ် ၆၅၀၀ ကနေ  ၇၆၀၀ ကြား အရောင်းအ၀ယ် ပြုလုပ်နေကြတယ်လို့သိရပါတယ်။

ပြည်တွင်းမှာ ကျန်နေတဲ့ စားအုန်းဆီလက်ကျန်တွေကို စျေးကွက်ထဲ လွတ်လွတ်လပ်လပ် ထုတ်ယူဖြန့်ဖြူး ခွင့်မပြုဘဲ စစ်ကောင်စီက မေ ၁၀ က စတင်ကာ ထိန်းချုပ်လိုက်ပြီးတဲ့နောက် ဈေးကွက်ထဲမှာ စားဆီပြတ်လပ်မှာကို စိုးရိမ်ပြီး ၀ယ်ယူစုဆောင်းတာတွေ ရှိလာသလို  စားဆီ လက်လီလက်ကား ရောင်းချသူတွေမှာလည်း ၀ယ်ယူရခက်တဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ တဘက်မှာလည်း စားအုန်းဆီ အပါအဝင် ပဲဆီ၊ နှမ်းဆီနဲ့ အခြား စားဆီဈေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013