DVB Logo
Home
မြန်မာသတင်း
စားသုံးသူအကာကွယ်ပေးရေးဥပဒေ စောင့်ကြည့်ရန်လို
DVB
·
March 18, 2014
စားသုံးသူအကာကွယ်ပေးရေးဥပဒေ စောင့်ကြည့်ရန်လို
Donate to DVB

မတ်လ ၁၇ ရက်နေ့က အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေက စားသုံးသူနဲ့ ထုတ်လုပ်သူတို့ရဲ့ အခွင့်အရေးအပေါ် မျှတမှုရှိ၊ မရှိဆိုတာက အချိန်စောင့်ကြည့်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်သူများအသင်းရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်က မတ်လ ၁၇ ရက် နေ့စွဲနဲ့ စားသုံးသူ အကာအကွယ်ပေးရေးဥပဒေကို အတည်ပြု ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။

unnamed copyဒီဥပဒေပြဋ္ဌာန်းချက်အရ စားသုံးသူရဲ့ အခွင့်အရေးထဲမှာ စားသုံးသူ အသုံးပြုတဲ့ ကုန်စည် သို့မဟုတ် ၀န်ဆောင်မှုနဲ့ စပ်လျဉ်းပြီး အငြင်းပွားမှုအပေါ် ကြားနာဖြေရှင်းပေးရန် အရေးဆို တိုင်းတန်းနိုင်တယ်ဆိုတဲ့အချက် အပါအ၀င် စားသုံးသူရဲ့အခွင့်အရေးဆိုင်ရာ အချက် ၅ ချက် ကို ထည့်သွင်း ဖော်ပြထားပါတယ်။

အလားတူ ထုတ်လုပ်သူဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ရဲ့ အခွင့်အရေးထဲမှာဆိုရင် စားသုံးသူနဲ့ အငြင်းပွားမှုမှာ ဥပဒေအရ ကာကွယ်ခုခံချေပခွင့်ဆိုတဲ့ အချက်အပါအ၀င် စီးပွားရေး လုပ်ငန်းရှင်ရဲ့အခွင့်အရေးဆိုင်ရာ အချက် ၄ ချက်ကို ထည့်သွင်းထားပါတယ်။

ဒါကြောင့် ဖော်ပြပါရှိတဲ့ ဒီအခွင့်အရေးက စားသုံးသူနဲ့ ထုတ်လုပ်သူတို့အပေါ် မျှတမှုရှိတဲ့ ဥပဒေတရပ် ဖြစ် မဖြစ်ဆိုတာ စောင့်ကြည့်ရမယ်လို့ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်သူများအသင်းရဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောပါတယ်။

ဒီနောက် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ကလည်း လက်ရှိ ပြဋ္ဌာန်းလိုက်တဲ့ စားသုံးသူအကာအကွယ်ပေးရေးဥပဒေက လိုအပ်ချက်အနည်းကျဉ်းရှိလို့ ပြင်ဆင်နိုင်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ ဥပဒေတရပ်ဖြစ်မှာပါလို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

လက်ရှိ ပြည်တွင်းစားသောက်ကုန်စည်ဈေးကွက်ထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိကြောင်း အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာန(အက်ဖ်ဒီအေ)ရဲ့ ထောက်ခံချက်ရှိတဲ့ စားသောက်ကုန်တွေ ရှိသလို ထောက်ခံချက်မရှိတဲ့ စားသောက်ကုန်တွေက လည်း ရှိနေတာပါ။

ဒါဟာ သွင်းကုန်လုပ်ငန်းရှင်တွေအပေါ်မှာ တာဝန်ရှိတဲ့အပြင် နည်းဥပဒေတွေ ပေါ်ထွက် လာဖို့လိုတဲ့အကြောင်း ဦးဇော်မင်းဝင်းက ပြောပါတယ်။

အမှတ် ၁ စက်မှုဝန်ကြီးဌာနမှာ တရားဝင် မှတ်ပုံတင်ထားပြီး ကုန်စည်ထုတ်လုပ်နေတဲ့ လုပ်ငန်းအရေအတွက်က ၄ သောင်းကျော်ရှိတဲ့အနက် ထက်ဝက်ကျော်က စားသောက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်းအမျိုးအစား ဖြစ်တယ်လို့ စားသောက်ကုန်ထုတ်လုပ်သူများအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013