DVB Logo
Home
မြန်မာသတင်း
ယူနတီဂျာနယ် သတင်းထောက်များအမှု စတင်စစ်ဆေး
DVB
·
March 17, 2014
ယူနတီဂျာနယ် သတင်းထောက်များအမှု စတင်စစ်ဆေး
Donate to DVB

နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေပုဒ်မ ၃ (၁) (က)/ ၉ နဲ့ ဖမ်းဆီးအမှုဖွင့်ခံရတဲ့ ယူနတီဂျာနယ် သတင်းထောက်တွေကို ဒီကနေ့ အမှုစတင်စစ်ဆေးနေပါတယ်။

[caption id="attachment_53370" align="alignleft" width="300"]ဓာတ်ပုံ -  Robert San Aung's ဓာတ်ပုံ - Robert San Aung's[/caption]

လျှို့ဝှက် ဓာတုလက်နက်စက်ရုံ ဆောင်းပါးရေး သားဖော်ပြခဲ့မှုနဲ့ ပတ်သက်ပြီး ယူနတီဂျာနယ် သတင်းထောက် ၄ ဦးနဲ့  အမှုဆောင်အရာရှိချုပ် ၁ ဦး စုစုပေါင်း ၅ ဦးကို သက်ဆိုင်ရာက နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေပုဒ်မ ၃ (၁) (က)/ ၉ နဲ့ စွဲဆိုထားတဲ့အမှုကို မကွေးတိုင်း ပခုက္ကူခရိုင်တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးတာဖြစ်ပါတယ်။

တရားလို နှစ်ဦးအနက် တဦးသာစစ်ပြီး နောက်တဦးကို နက်ဖြန်မှာ ဆက်စစ်မယ်လို့ တရားစွဲဆိုခံရသူတွေရဲ့  ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

တရားခွင်ကိုတက်ရောက်နားထောင်ခဲ့တဲ့  သတင်းထောက် ကိုလူမော်နိုင်ရဲ့ ဇနီးသည် မလွင်လွင်မြင့်က ဒီကနေ့ တရားလို ဒုတိယ ဗိုလ်မှူးကြီး ကျော်ကျော်ဦးရဲ့ ထွက်ဆိုချက်ဟာ စွဲထားတဲ့ပုဒ်မနဲ့ လွဲနေတယ်လို့ ပြောပါတယ်။

ကိုလူမော်နိုင်ကို ကျန်းမာရေးကြောင့် အာမခံလျှောက်ကြားမှုကို တရားရုံးက ပယ်ချပြီး အကျဉ်းဦးစီးဌာနကနေ ဒီကိစ္စနဲ့ပတ်သက်ပြီး လုံလောက်တဲ့ဆေးကုသမှု ပြုလုပ်ဖို့ အမိန့်စာထုတ်ပေးမယ်လို့ ကတိပြုခဲ့ကြောင်း ပြောပါတယ်။

 ပြီးခဲ့တဲ့  ဇန်န၀ါရီလ ၂၅ ရက်ထုတ် ယူနတီဂျာနယ်မှာ “ဗိုလ်ချုပ်မှူးကြီးဟောင်း၊  တရုတ်ပညာရှင်နှင့် လက်ရှိ ကာ/ ချုပ်တို့၏ ပေါက်မြို့နယ်မှ လျှို့ဝှက်ဓာတု လက်နက်စက်ရုံ”   အမည်နဲ့ ဆောင်းပါးကို မကွေးတိုင်း ပခုက္ကခရိုင် ပေါက်မြို့က အမှတ် ၂၄ ကာကွယ်ရေးပစ္စည်း စက်ရုံအကြောင်း စက်ရုံအလုပ်သမားတွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဓာတ်ပုံတွေနဲ့ တကွ ဖော်ပြခဲ့တာပါ။

ဒီအပေါ် ရန်ကုန်အခြေစိုက် ယူနတီသတင်းဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်းထောက်တွေဖြစ်တဲ့ ကိုစည်သူစိုး၊ ကိုပိုင်သက်ကျော်၊ ကိုရာဇာဦး နဲ့ ပခုက္ကူအခြေစိုက် သတင်းထောက် ကိုလူမောင်နိုင်တို့ ငါးဦးကို  ဖမ်းဆီးပြီး တရားစွဲနေတာပါ။

သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်ကတာ့ ဒီစက်ရုံဟာ ဓာတုလက်နက်စက်ရုံမဟုတ်ဘဲ ကာကွယ်ရေးပစ္စည်းထုတ်တဲ့ စက်ရုံသာဖြစ်တယ်လို့ မီဒီယာကနေ ရှင်းလင်းထားပါတယ်။

အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013