DVB Logo
Home
မြန်မာသတင်း
ဟိန္ဒားသတ္တုတွင်း ကုမ္ပဏီနှင့် ၀န်ကြီးဌာနကို ရွာသားများ တရားစွဲမည်
DVB
·
March 17, 2014
ဟိန္ဒားသတ္တုတွင်း ကုမ္ပဏီနှင့် ၀န်ကြီးဌာနကို ရွာသားများ တရားစွဲမည်
Donate to DVB

ထားဝယ်ခရိုင် မြောင်းပြိုကျေးရွာမှာ မြန်မာပွန်ပီပက်ကုမ္ပဏီက လည်ပတ်နေတဲ့ ဟိန္ဒားသတ္တုတွင်း စီမံကိန်းကြောင့် ဒေသခံတွေရဲ့ လူမှုစီးပွားရေး အခြေအနေနဲ့ ပတ်ဝန်းကျင်ထိခိုက်မှုတွေ ရှိတဲ့အတွက် ရွာသားတွေက ကုမ္ပဏီနဲ့ အမှတ် ၂ သတ္တုတွင်း လုပ်ငန်းကို တရားစွဲမယ်လို့ ဆိုပါတယ်။

[caption id="attachment_53343" align="alignright" width="300"]ဟိန္ဒားသတ္တုတွင်း စီမံကိန်းကြောင့် နစ်နာမှုများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ - yarzar soe facebook) ဟိန္ဒားသတ္တုတွင်း စီမံကိန်းကြောင့် နစ်နာမှုများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ - yarzar soe facebook)[/caption]

၁၉၉၉ ခုနှစ် ဟိန္ဒားသတ္တုတွင်းကို မြန်မာပွန်ပီပက် ကုမ္ပဏီက လွှဲပြောင်းလုပ်ကိုင်ခဲ့တဲ့ အချိန်က စတင်ပြီး စည်းကမ်းမဲ့ စွန့်ပစ်တဲ့ မြေ စာတွေကြောင့် မြစ်ချောင်းတွေ တိမ်ကောတာ၊ ဒေသခံတွေရဲ့ ဥယျဉ် ခြံမြေ၊ နေအိမ်၊ ရေတွင်းရေကန်တွေ၊ သာသနိကအဆောက်အုံတွေ ပျက်စီးတာတို့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ရွာသူရွာသားတွေအနေနဲ့ သက်ဆိုင်ရာ အစိုးရ၊ ကုမ္ပဏီတွေမှာ အခက်အခဲများကို အသိပေးပေမယ့်လည်း တုံ့ပြန်မှုတွေ မရရှိခဲ့အတွက် အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ မြန်မာပွန်ပီပက်ကုမ္ပဏီတွေကို တရားဥပဒေကြောင်းအရ တရားစွဲဆိုသွားမယ်လို့ ဒီကိစ္စမှာ ကူညီလုပ်ဆောင်ပေးနေတဲ့ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့က ညှိနှိုင်းရေးမှူး ကိုသန့်ဇင်က ပြောပါတယ်။

တရားစွဲတဲ့အဆင့်ကို မရောက်သေးပေမယ့် အခုချိန်မှာတော့ သတိပေးစာတွေ ပေးထားတဲ့အဆင့်ကိုတော့ ရောက်နေပြီ ဖြစ်သလို မကြာခင်မှာ ဒီအမှုကို ဒေသခံတွေအနေနဲ့ တရားရုံးတင်မယ်လို့လည်း ဆိုပါတယ်။

ဟိန္ဒားသတ္တုတွင်းဟာ ခဲမဖြူ အဖြိုက်နက်တွေကို ထုတ်လုပ်သလို မြန်မာပြည်ရဲ့ အကြီးစား စီမံကိန်းတခုလည်း ဖြစ်ပါတယ်။

လက်ရှိ ဒီစီမံကိန်းရဲ့ဒဏ်ကို ခံနေရတဲ့ မြောင်းပြိုရွာမှာ အိမ်ခြေ ၁၀၀ ကျော်နဲ့ လူဦးရေ ၅၀၀ နီးပါး နေထိုင်နေတာလည်း ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013