DVB Logo
Home
Lead Story
ပါကစ္စတန် ကလေးငယ်တွေကို ကယ်တင်ပေးမယ့် ဆရာဝန်
DVB
·
March 17, 2014
ပါကစ္စတန် ကလေးငယ်တွေကို ကယ်တင်ပေးမယ့် ဆရာဝန်
Donate to DVB

ဒီနှစ်အစောပိုင်း ယူနီဆက်(ဖ်) အစီရင်ခံစာအရ ပါကစ္စတန်နိုင်ငံဟာ မွေးကင်းစကလေး သေနှုန်း အမြင့်ဆုံးနိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ပါတယ်။

အသက် ၅ နှစ် မတိုင်မီ ကလေး ၁၀ ယောက်မှာ တယောက် သေဆုံးနေရပါတယ်။ ပါကစ္စတန် ဆရာဝန်မတယောက်ကတော့ ပိုမိုကောင်းမွန်တဲ့ မိခင်လောင်း စောင့်ရှောက်မှု စီစဉ်ပေးပြီး ဒါတွေအားလုံးကို ပြောင်းလဲနိုင်ဖို့ ကြိုးစားနေပါတယ်။

Pakistan_Dr_Anita_web_140315_672ရှာဘနာကို ကလေးမီးဖွားနိုင်ဖို့ ဆေးရုံခေါ်သွားပါတယ်။ လူနာတင်ကား ဥသြဆွဲသံကို ကြားရတာ ဒါဟာ သူ့အတွက် ပထမဆုံးအကြိမ်ပဲလို့ လူနာတင်ကားနဲ့အတူ လိုက်ပါသွားတဲ့ ၀မ်းဆွဲသူနာပြု ဂူလ်နာ့ဇ် အာမဒ်က ပြောပါတယ်။

“လူနာတယောက်ကို လူနာတင်ယာဉ်နဲ့ ဆေးရုံခေါ်သွားတာကို မြင်ရတာ ဒါ ကျနော့် တသက် ပထမဦးဆုံးအကြိမ်ပါပဲ။ ဒါကလည်း အမျိုးသမီးတွေနဲ့ ကလေးတွေကို ကယ်တင်ဖို့ အင်တိုက်အားတိုက် လုပ်ဆောင်ကြတဲ့ ဒေါက်တာအန်နီတာနဲ့ သူ့အဖွဲ့ကြောင့် ဒီလို ဖြစ်လာတာပါပဲ။”

ရှာဘနာဟာ ကရာချိမြို့စွန်က ရေဟရီဂို့ထ်ဆိုတဲ့ တံငါရွာတရွာမှာ နေထိုင်တာပါ။ သူဟာ တံငါသည်တွေအတွက် ငါးတွေ သန့်စင်ပေးရတဲ့အလုပ်ကို လုပ်တာ တနေ့ကို ၂ ဒေါ်လာ ရပါတယ်။ အဲဒီရွာလေးဟာ ပါကစ္စတန်ရဲ့ စီးပွားရေးမြို့တော်နယ်စပ်မှာ တည်ရှိပါတယ်။ ဒါပေမယ့် အဲဒီက ဒေသခံတွေကတော့ သိပ်ဆင်းရဲကြပါတယ်။

အစိုးရဆီက ထုတ်ပြန်ချက်အရ ကလေး ၁၀ ယောက်မှာ ၁ ယောက်လောက်ဟာ အသက် ၅ နှစ်မပြည့်ခင် သေဆုံးကြပါတယ်။ ဒါဟာ ကမ္ဘာ့သေဆုံးမှုနှုန်းရဲ့ ၂ ဆ နီးပါးလောက် ရှိနေတာပါ။ ဒါပေမယ့် ဒီရွာလေးမှာ ဘာဆေးကုခန်းမှ မရှိတာ အနှစ် ၄၀ လောက် ရှိနေပြီလို့ ကရာချိက ဒေသတက္ကသိုလ်တခုရဲ့ ကလေးသူငယ်ဆိုင်ရာ ဌာနအကြီးအကဲ ဒေါက်တာ အာနီတာ ဇိုင်ဒီက ပြောပါတယ်။

“ဒီအနီးအနားမှာ ဘာဆေးရုံမှ မရှိပါဘူး။ နောက်ပြီး အမျိုးသမီးတွေကလည်း အများအားဖြင့် သားဖွားသင်တန်း မတက်ဖူးတဲ့သူတွေ ဒါမှမဟုတ် ဗဟုသုတနည်းနည်းပဲ ရှိကြတဲ့ လက်သည်တွေရဲ့ အကူအညီနဲ့ ကလေးမီးဖွားတတ်ကြပါတယ်။ မွေးရင်းဖွားရင်း အမျိုးသမီးတွေမှာ ခက်ခဲရှုပ်ထွေးလာပြီဆိုရင်တော့ အမျိုးသမီးတွေ ဆေးဝါးအကူအညီ ရှာနေရင်း ကလေးတွေကတော့ မကြာမကြာ သေဆုံးရတာပေါ့။”

ဒေါက်တာဇိုင်ဒီရဲ့ စိုးရိမ်ပူပန်မှုကပဲ သူ လွန်ခဲ့တဲ့ ၁၀ စုနှစ်ကတည်းက အလုပ်လုပ်လာတဲ့ ရေဟရီဂို့သ်ရွာလေးမှာ ကလေး သေဆုံးမှုနှုန်းကို လျော့ချနိုင်မယ့် အဆိုတရပ် တင်သွင်းဖို့ ဖြစ်လာရပါတယ်။ သူ့ရဲ့အဆိုပြုမှုအတွက် အမေရိကန်လုပ်ငန်းရှင် တဒ်ကက်ပလိုဆီက ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်း ဒေါက်တာဇိုင်ဒီ ရရှိခဲ့ပါတယ်။

“ကျမ ဒီလူ့အဖွဲ့အစည်းကို သိပါတယ်။ သူတို့ပြဿနာက ဘာဆိုတာကိုလဲ ကျမ သိပါတယ်။ လူ့အဖွဲ့အစည်းက လိုအပ်တဲ့အရာနဲ့ ဒီဆုက ဘာတွေကိုပေးမယ်ဆိုတဲ့ကြားမှာ တကယ့်ကို ပွဲကြီးပွဲကောင်းပါပဲ။”

ခုတော့ ဒီရွာမှာ ဆေးခန်းတခန်း ရှိလာပြီး ကိုယ်ဝန်ဆောင်မိခင် စောင့်ရှောက်မှု ကောင်းကောင်းလည်း ရှိလာပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အာဟာရ တိုးတက်စေဖို့နဲ့ ၀မ်းဆွဲသူနာပြုတွေကို လေ့ကျင့်သင်ကြားပေးရာမှာ ရရှိခဲ့တဲ့ ဆုကြေးငွေကို သုံးစွဲပါတယ်။ ဒါ့အပြင် မီးဖွားနေချိန်အတွင်း ကလေးမွေးရခက်နေတဲ့ မိခင်တွေကို ဆေးရုံ ပို့ဆောင်ပေးဖို့ သယ်ယူပို့ဆောင်ရေးကွန်ရက်တခု ထူထောင်ရာမှာလည်း သုံးစွဲပါတယ်။

ဒေါက်တာဇိုင်ဒီက “ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ဆေးစစ်တာ ၂ ကြိမ် လုပ်ရမှာပါ။ သူတို့ ကိုယ်ဝန်aဆာင်ချိန်ကို သတိထား စောင့်ကြည့်နေဖို့ရယ်၊ မိခင်နဲ့ ကလေး အာဟာရ မပြည့်ဘူးဆိုရင်လည်း ကျန်းမာတဲ့ သန္ဓေသားဖြစ်ဖို့နဲ့ အစာအာဟာရအတွက် ဗီတာမင်စုံကို စီစဉ်ပံ့ပိုးပေးရမှာပါ” လို့ ပြောပါတယ်။

အစိုးရ ပါဝင်ဆောင်ရွက်လာဖို့ အရေးကြီးတယ်လို့ Save the Children အိုင်အန်ဂျီအိုအဖွဲ့မှ ဒေါက်တာ ခု(ဒ်)ဇီယာ အူဇ်မာက ပြောပါတယ်။

“အခြေခံ ပြဿနာကတော့ မိခင်တွေကို အားပေးကူညီနိုင်ဖို့ ကျွမ်းကျင် ကျန်းမာရေး လုပ်သားတွေ မရှိတာရယ်၊ သင့်တော်တဲ့ ပစ္စည်းကိရိယာတွေနဲ့ ဆေးဝါးဆိုင်ရာ အထောက်အပံ့ တွေလဲ မရှိတာတွေရယ်ပါ။ အထူးသဖြင့် အကူအညီ အလိုအပ်ဆုံးဖြစ်တဲ့ ဝေးသီခေါင်ဖျား ကျေးလက်ဒေသတွေမှာပေါ့။”

ဆေးရုံပေါ်မှာ ကျန်းမာတဲ့ သမီးမိန်းကလေးတယောက်ကို မွေးဖွားနိုင်ခဲ့ပြီဖြစ်တဲ့ ရှာဘနာက “ဒီအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျမ ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရဦးမှာပါ။ ခုဆို အမျိုးသမီးတိုင်း ဒီနယ်မြေမှာ ကျန်းမာရေးပံ့ပိုးမှုတွေ ရနိုင်ပါပြီ” လို့ ပြောပါတယ်။

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ခါဝါခန်က ပါကစ္စတန်ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013