DVB Logo
Home
မြန်မာသတင်း
မိုးဗြဲ-ညောင်ရွှေလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေသဖြင့် ပြည်သူ ၁၀,၀၀၀ ကျော် စစ်ဘေးရှောင်
DVB
·
May 14, 2022
မိုးဗြဲ-ညောင်ရွှေလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေသဖြင့်  ပြည်သူ ၁၀,၀၀၀ ကျော် စစ်ဘေးရှောင်
Donate to DVB

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲ- ညောင်ရွှေပင်မလမ်းမကြီးပေါ်က ထီရိစစ်ဆေးရေး စခန်းဘက်ကနေ လွယ်ပေါကျေးရွာဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်တွေ မေ ၁၃ ရက်ကစလို့ တိုက်ပွဲပြင်းထန် ဖြစ်နေတာကြောင့် ကျေးရွာပေါင်း ၂၀ လောက်က ပြည်သူ ၁၀,၀၀၀ ကျော် စစ်ဘေးရှောင်နေကြရပါတယ်။

မေ ၁၂ ရက် စခန်းသိမ်းတိုက်ပွဲမှာ PDF တွေရဲ့တိုက်ခိုက်မှုကြောင့်ကျသွားတဲ့ ထီရိစခန်းကို ပြန်လည်စခန်းချဖို့နဲ့ နယ်မြေရှင်းလင်းနိုင်ဖို့ စစ်ကောင်စီတပ်နဲ့ PNOအဖွဲ့တို့က အင်းအား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာ ကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေကြရတာပါ။

စစ်ဘေးရှာင်ရွာတရွာဖြစ်တဲ့ ဆောင်နန်းခဲရွာနေ ဒေသခံတယောက်က "ထီရိစစ်ကောင်စီဂိတ်ကို PDF တွေ ၀င်သိမ်းတဲ့ မေ ၁၂ စပြီး စစ်တပ်က PNO  ပအို၀်းပြည်သူ့စစ်နဲ့ပေါင်းပြီး ညောင်ရွှေဘက်ကနေ မိုးဗြဲလမ်းအတိုင်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့ PDFတွေနဲ့ ထိတွေ့မှုဖြစ်နေတယ်။  ဒေသခံ တသောင်းကျော်  ကျော်စစ်ဘေးရှောင်နေရတယ်"လို့  ပြောပါတယ်။

မေလ ၁၂ ရက်က ထီရိကျေးရွာမှာအခြေစိုက်တဲ့ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNO)စခန်းကို PDF (ဖယ်ခုံ)၊ PDF (အင်းလေး)၊ KNDF-BO3၊ ရှမ်းတောင်တော်လှန်ရေးလူငယ်အဖွဲ့(SSRY)နဲ့ တခြားမဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီအရာရှိ ဗိုလ်မှူးဟိန်းထက်ကို ကို အပါအဝင် အရာရှိစစ်သည် ၁၆ ယောက်သေပြီး စစ်ကောင်စီတပ်သား ၂ ယောက်နဲ့  PNO တပ်ဖွဲ့၀င် ၃ ယောက်ကို လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ပါတယ်။ 

ထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်တွေဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားကျေးရွာတွေကို လက်နက်ကြီးနဲ့ ရပ်ပစ်ခတ်တာ၊ ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်တာ၊ လူသားတံတိုင်းပြုလုပ်တာ၊ အမျိုးသမီးတွေ၊ နာမကျန်းဖြစ်နေသူတွေနဲ့ သက်ကြီးရွယ်အိုတွေကို ကိုယ်ထိလက်ရောက် စော်ကားတာတွေပြုကျင့်နေတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

မိုးဗြဲ- ညောင်ရွှေလမ်းပိုင်းက ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဆောင်နန်းခဲ၊ လွယ်ပေါ၊ မခေးခမ်း၊ ဆင်ဖြူ၊ ပေါ်ကုန်း၊ ရွှေစမ်း၊ နမ့်စမ်ခမ်း၊ ပိန္နဲကုန်း၊နမ့်ပေါ်လုံ၊ အွန်တိုင်း၊ နားဟီး၊ နမ့်စွမ်း၊ တောင် ပို့ကွဲ၊ ဟိုပန်၊ ထီရိအပါအဝင် ကျေးရွာပေါင်း ၂၀ လောက်က  ပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013