DVB Logo
Home
Lead Story
နိဂုံးဆိုးတာချင်းတူမယ့် တရုတ်ပြေးမင်းယုတ် နရသီဟပတေ့နဲ့ PDF ပြေး စစ်ဓားပြယုတ် မင်းအောင်လှိုင်
DVB
·
May 14, 2022
နိဂုံးဆိုးတာချင်းတူမယ့် တရုတ်ပြေးမင်းယုတ် နရသီဟပတေ့နဲ့ PDF ပြေး စစ်ဓားပြယုတ် မင်းအောင်လှိုင်
Donate to DVB

မြန်မာ့သမိုင်းမှာ အရည်အချင်းညံ့ဖျင်းတဲ့အပြင် စဉ်းစားဉာဏ် အမြော်အမြင် အလွန်နည်းပါးတဲ့ မင်းဆိုးမင်းညစ်တပါး ပုဂံခေတ်နှောင်းပိုင်း (၁၂၅၆ ကနေ ၁‌‌၂၈၇) အတွင်း ပေါ်ထွန်းခဲ့ဖူးပါတယ်။ မင်းဆိုးမင်းညစ်အဖြစ်သာ ကျော်စောခဲ့ပြီး စိတ်ကြမ်းကိုယ်ကြမ်းရှိသူဖြစ်လို့ ဘီလူးဘဝက လာတယ်လို့ ဟူးရားဆရာတို့က ဆိုကြတဲ့ တရုတ်ပြေးမင်းလို့ လူသိများတဲ့ နရသီဟပတေ့ပဲ ဖြစ်ပါတယ်။

အမျက်ဒေါသ လွန်ကဲပြီး သတ်ဖြတ်ကွပ်မျက် စီရင်မှုတွေ များစွာပြုခဲ့သူလည်း ဖြစ်သလို အစားကြူးသူအဖြစ်လည်း ထင်ရှားပါတယ်။ ဟင်းခွက် ၃၀ဝ နဲ့ ပွဲတော်တည်လေ့ရှိတယ်လို့ ဆိုကြပါတယ်။ သူ့လက်ထက်မှာ ပုဂံပြည်ကို ကုဗလိုင်ခန်ရဲ့ မွန်ဂိုတပ်‌တွေ ကျူးကျော်ဝင်ရောက် ဖျက်ဆီးတာခံရခဲ့တာမို့ နှစ်ပေါင်း ၂၅ဝ ဝန်းကျင် သက်တမ်းရှိခဲ့တဲ့ ပုဂံအင်ပါယာကြီး ပြိုကွဲခဲ့ပါတယ်။

မွန်ဂိုတပ်တွေ ပုဂံကို ချီတက်လာတဲ့အခါ သားတော်ကြီးရှိရာ အောက်မြန်မာပြည် ပုသိမ်ဘက် ထွက်ပြေးတိမ်းရှောင်ရင်း မွန်ဂိုတပ်တွေ ဆုတ်ခွာတဲ့အချိန် ပုဂံကိုအပြန်မှာ လမ်းခရီးဖြစ်တဲ့ ပြည်မြို့အရောက်မှာ ငယ်စဉ်အခါက ဝက်လက်ခိုးမသားလို့ ကျီစားအခေါ်ပြုခံရဖူးတာကို မကျေနပ်တဲ့ သားတော် ပြည်စား သီဟသူက နန်းလုတဲ့အခါ အဆိပ်ပါတဲ့ပွဲတော်ကို မလွန်ဆန်နိုင်ဘဲ စားသောက်ရပြီး အသက်ကုန်ခဲ့ရပါတယ်။

အုပ်ချုပ်သူမင်းတပါးအနေနဲ့ အုပ်စိုးစဉ်ကာလမှာ ရာဇသင်္ကြန်အမတ်ကြီး အပါအဝင် ပညာရှိ မှူးကြီးမတ်ရာတွေကို အလေးမထားဘဲ ချိုးနှိမ်ခဲ့ပြီး ပြည်သူလူထုအပေါ် အလွန်အမင်း ဖိနှိပ်ချုပ်ချယ်လွန်းခဲ့တာကြောင့် သူ့ရဲ့ပညာရှိ မိဖုရားကြီးက သမိုင်းမှာ နာမည်ကျော်ခဲ့တဲ့ အောက်ပါ ဆုံးမစကားကို ဆိုခဲ့ပါသတဲ့။

“မင်းကြီး ပြည့်ဝမ်းကို ဖောက်သောသူ၊ ပြည့်ဦးကင်းကို နှိမ်သောသူ၊ ပြည့်တံခွန်ကို လှဲသောသူ၊ ပြည့်မျက်စိကို ဖောက်ထုတ်သူ၊ ပြည့်အစွယ်ကို ချိုးသူ၊ ပြည့်မျက်နှာကိုဖျက်သူ၊ ပြည့်ခြေ ပြည့်လက်ကို ဖြတ်သောသူတို့သည် ဒုက္ခတွေ့ရမည်သာတည်း” လို့ အလွန်တန်ဖိုးရှိတဲ့ မင်းကျင့်တရားများနှင့်ဆိုင်တဲ့ ဆုံးမစကားကို ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

မိဖုရားကြီးဖွားစော တင်စားခဲ့တဲ့ ပြည့်ဝမ်းဆိုတာက သူဌေးသူကြွယ်‌တွေကို ဆိုလိုတာဖြစ်သလို ပြည့်ဦးကင်း ဆိုတာက မှူးကြီးမတ်ရာများ ဖြစ်ကြပါတယ်။ ပြည့်တံခွန် ဆိုတာကတော့ ရဟန်း‌ကောင်း လူသူတော်ကောင်းများကို ဆိုလိုပါတယ်။ ပြည့်မျက်စိ ဆိုတာက‌တော့ စာတတ် ပေတတ် ရဟန်းပညာရှိ၊ လူပညာရှိများကို ဆိုလိုတာ ဖြစ်ပါတယ်။ ပြည့်အစွယ် ဆိုတာက‌တော့ မင်းညီမင်းသားတွေဖြစ်ပြီး ပြည့်မျက်နှာ ဆိုတာကတော့ သားပျို၊ သမီးပျို ပြည်သူပြည်သားတွေကို ပြောတာဖြစ်ပြီး ပြည့်ခြေ ပြည့်လက် ဆိုတာကတော့ ရဲမက်စစ်သည်တော်တွေပဲ ဖြစ်ကြပါတယ်။

တိုင်းသူပြည်သား‌တွေအအပေါ် ဘီလူးသဘက်ပမာ ရက်စက်ယုတ်မာစွာ အုပ်ချုပ်တဲ့ မင်းဆိုးမင်းညစ် ဆိုတာဟာ သမိုင်းဆိုးမှတ်တမ်းဝင်ရုံသာမက ပြည်သူလူထုအပေါ် ကောက်ကျစ်ယုတ်မာ ဆိုးသွမ်းသလောက် အသေဆိုးနဲ့ သေရင်‌သေ၊ မသေခင်မှာကို အကြောက်တရားနဲ့ နေ့တိုင်း ရင်ဆိုင်ရပြီး လူတောမတိုး ပြည်သူကြားက‌ကို ပြန်ထွက်မလာရဲကြတာချည်းပါပဲ။

အခုတခေါက် မြန်မာ့သမိုင်းမှာ နာမည်ဆိုးနဲ့ မှတ်တမ်းဝင်ပြီး ရုပ်ဆိုးအကျည်းတန်တဲ့ နိဂုံးနဲ့ အဆုံးသတ်ရမယ့်သူကတော့ အများသိပြီးကြတဲ့ သမ္မတရူး အကြမ်းဖက်စစ်ဓားပြယုတ် မင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။

မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ မိုက်ရူးရဲ စစ်မိစ္ဆာသာဝဟာ တရုတ်ပြေးမင်း နရသီဟပတေ့နဲ့ နိဂုံးသတ် ကံကြမ္မာဆိုးတာချင်း ဆင်တူမယ့်သဘောကို ညွှန်ပြနေပါတယ်။ နရသီဟပ‌တေ့ဟာ ပုဂံပြည်ရဲ့ နောက်ဆုံးဆက်ခံရတဲ့ မင်းဆိုးမင်းညစ် ဖြစ်ခဲ့ရသလို စစ်ဂျပုမင်းအောင်လှိုင်ဟာ စစ်အခွင့်ထူးခံ အင်ပါယာရဲ့ နောက်ဆုံးစစ်မိစ္ဆာ အာဏာရှင် ဖြစ်တော့မှာပါ။

နရသီဟပတေ့က မွန်ဂိုရန်ကြောက်လို့ တရုတ်ပြေးမင်းလို့ တွင်ပြီး နိဂုံးမလှခဲ့သလို လူစဉ်မမီတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကြောက်လို့ ထွက်ပြေးရပြီး နိဂုံးမ‌ကောင်းမယ့် PDF ပြေး စစ်ဓားပြ မင်းအောင်လှိုင်လို့ တွင်ရစ်တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်ဟာ နရသီဟပတေ့ထက် ပိုမိုဆိုးရွားတဲ့ ကြမ္မာဆိုးနဲ့ တွေ့ကြုံ အဆုံးသတ်ရဖွယ် ရှိပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ မင်းအောင်လှိုင်နဲ့ သူ့ရဲ့လက်ပါးစေ စစ်ဘီလူး သဘက်တွေဟာ နရသီဟပတေ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေထက် အဆပေါင်းများစွာ ဆိုးရွားရက်စက်နေတာကို မြန်မာသာမက တကမ္ဘာလုံးက မြင်နေ တွေ့နေကြရတာ ဖြစ်ပါတယ်။

စစ်ဓားပြတပ်ဟာ ပြည်သူက ခွင့်မလွှတ်အပ်တဲ့ အောက်ပါစစ်ရာဇဝတ်မှုကြီးတွေကို ပယ်ပယ်နယ်နယ် ကျူးလွန်ခဲ့၊ ကျူးလွန်ကြဆဲ ဖြစ်ပါတယ်။

ပြည့်ဝမ်းကိုဖောက်တဲ့ စစ်ရာဇဝတ်မှု

ပြည့်ဦးကင်းကိုနှိမ်တဲ့ စစ်ရာဇဝတ်မှု

ပြည့်တံခွန်ကိုလှဲတဲ့ စစ်ရာဇဝတ်မှု

ပြည့်မျက်စိကိုထုတ်တဲ့ စစ်ရာဇဝတ်မှု

ပြည့်စွယ်ကိုချိုးတဲ့ စစ်ရာဇဝတ်မှု

ပြည့်မျက်နှာကိုဖျက်တဲ့ စစ်ရာဇဝတ်မှု

ပြည့်ခြေပြည့်လက်ကိုဖြတ်တဲ့ စစ်ရာဇဝတ်မှု စတဲ့ နရသီဟပတေ့ ကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေအပြင် ပြည့်လည်ဆွဲနဲ့တူတဲ့ အမျိုးကောင်းသမီးတွေကို မုဒိမ်းကျင့် သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှု၊ ပြည့်အနာဂတ်နဲ့တူတဲ့ Generation Z မျိုးဆက်လူငယ်တွေ၊ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကိုပါ ဖမ်းဆီးသတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုကြီးကိုပါ မိုက်မဲစွာ ကျူးလွန်နေတာကြောင့် မင်းအောင်လှိုင်အပြင် သူ့ကို ထောက်ခံပေါင်းဖက် ကူညီသူအားလုံးဟာ ပြည်သူပြည်သား အများစုရဲ့ ဝိုင်းဝန်းဒဏ်ခတ်မှုကို ခံရပြီး အကျည်းတန်စွာ ဘဝဆုံးကြရမယ့်အချိန် နီးသထက် နီးကပ်လာနေပြီ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013