DVB Logo
Home
Lead Story
FEC လဲရန် ဒေါ်လာ ၄ သိန်းဖိုးခန့် ကျန်ရှိ
DVB
·
March 17, 2014
FEC လဲရန် ဒေါ်လာ ၄ သိန်းဖိုးခန့် ကျန်ရှိ
Donate to DVB

မိမိလက်ဝယ် ရှိနေတဲ့ အက်ဖ်အီးစီ ငွေလက်မှတ်တွေကို လာမယ့် မတ် ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံခြားငွေ လက်ခံကိုင်တွယ်တဲ့ ဘဏ်တွေမှာ လဲလှယ်ကြဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ကြေညာပါတယ်။

A woman counts U.S. dollars after exchanging her yen at a money changer in Tokyoအဲဒီအချိန် ကျော်သွားရင် လုံးဝ ပြန်လဲပေးတော့မှာ မဟုတ်ဘူးလို့လည်း ကြေညာချက် မှာ ဖော်ပြထားပါတယ်။

အရင် စစ်အစိုးရဟာ နိုင်ငံသားတွေကို နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်ခွင့် ပိတ်ပင်ခဲ့ပြီး ၁၉၉၃ ခုနှစ်ကစ အမေရိကန်ဒေါ်လာနဲ့ တန်ဖိုးချင်း ညီမျှတဲ့ အက်ဖ်အီးစီငွေကြေးလက်မှတ်တွေ ထုတ်ဝေခဲ့ပါတယ်။

အက်ဖ်အီးစီငွေကြေးတွေကို မဖျက်သိမ်းခင် ပြီးခဲ့တဲ့နှစ်အထိ ဒေါ်လာ ၃၇ သန်းနဲ့ ညီမျှတဲ့ လက်မှတ်တွေကို ရိုက်ထုတ်ပေးခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လဲလှယ်ဖို့ ဒေါ်လာ ၄ သိန်းနီးပါး နဲ့ တန်ဖိုးညီတဲ့ အက်ဖ်အီးစီလက်မှတ်တွေ ကျန်နေသေးတယ်လို့ ဗဟိုဘဏ် တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဒီငွေစက္ကူတွေကို ၁၉၉၃ ခုနှစ်ကတည်းက ထုတ်ဝေခဲ့တာ ဖြစ်လို့ တချို့ ပျက်စီးသွားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ သူက ရှင်းပြပါတယ်။

ဗဟိုဘဏ်ဟာ အက်ဖ်အီးစီးငွေလက်မှတ်တွေကို ၂၀၁၃ ဧပြီ ၁ ရက်နေ့ကစ အမေရိကန် ဒေါ်လာနဲ့ ပြန်လဲလှယ်ပေးခဲ့တာ ၉၉ ရာခိုင်နှုန်းနီးပါး လဲလှယ်ပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013