DVB Logo
Home
မြန်မာသတင်း
ဖူးခက်တွင် မြန်မာအလုပ်သမားများကို ညမထွက်ရန် သတိပေး
DVB
·
March 17, 2014
ဖူးခက်တွင် မြန်မာအလုပ်သမားများကို ညမထွက်ရန် သတိပေး
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်မှာ ထိုင်းလူငယ် ၁ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမားတွေကို ည ၉ နာရီနောက်ပိုင်း အပြင်မထွက်ဖို့ သက်ဆိုင်ရာ အလုပ်ရှင်တွေက သတိပေးထားပါတယ်။

[caption id="attachment_53322" align="alignright" width="300"]သတင်းစာရှင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ - dailynews.co.th) သတင်းစာရှင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ - dailynews.co.th)[/caption]

ပြီးခဲ့တဲ့အပတ်က ဘုရားပွဲတော်တခုမှာ လူငယ်တွေ ခိုက်ရန်ဖြစ်ပွားပြီး ထိုင်းလူငယ် ၁ ဦး သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့  ကျူးလွန်သူတရားခံတွေကို ရဲတွေ လိုက်လံရှာဖွေနေတာကြောင့် အလုပ်ရှင်တွေက ညမထွက်ဖို့ သတိပေးထားတာလို့ ဖူးခက်ခရိုင် ပါတောင်ရပ်ကွက်မှာ နေထိုင်သူ အလုပ်သမားတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒီမတိုင်ခင် ဘုရားပွဲအနီး တ၀ိုက်မှာ နေထိုင်သူ မြန်မာအလုပ်သမား လူငယ် ၂၀ ကျော် မသင်္ကာမှုနဲ့ ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး အချုပ်ထဲမှာ ၂ ည အိပ်ခဲ့ရကာ မနေ့တနေ့က  အားလုံး ပြန်လွှတ်လာပြီလို့ အဲဒီအလုပ်သမားက ဆက်ပြောပါတယ်။

မတ် ၁၄ ရက်နေ့ထုတ် ထိုင်းသတင်းတွေမှာတော့  ထိုင်းလူငယ် ၁ ဦး သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး  စောင့်ကြည့်ကင်မရာက ရိုက်ယူထားတဲ့ မှတ်တမ်းနဲ့ တရားခံတွေ လိုက်ဖမ်းရာမှာ မြန်မာအလုပ်သမား လူငယ် ၆ ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိကြောင်း၊ ဒီအမှုမှာ ပါဝင်ပတ်သက်သူ ၁၁ ဦး ရှိတဲ့အတွက် နောက်ထပ် ၅ ဦး လွတ်မြောက်နေသေးကြောင်း ရဲစခန်းမှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၁ ရက်နေ့က ဖူးခက်ရိုင် ကထုမြို့နယ် ပါတောင်ရပ်ကွက် ဘုရားပွဲတော်မှာ လူငယ်တွေ ခိုက်ရိုက်ဖြစ်ပွားပြီး  အသက် ၁၉ နှစ်ရွယ်ရှိ နိုင်းဆတ်ဒီ ဆစ်ထိဆိုတဲ့ ထိုင်းလူငယ် ၁ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီမတိုင်ခင်ရှေ့က မြန်မာအလုပ်သမား ၁ ဦးကို ထိုင်းလူငယ်တဖွဲ့က ရိုက်နှက်လို့ ဒဏ်ရာရခဲ့ကြောင်း၊ ဒဏ်ရာရသူ လူငယ်က သူ့အဖွဲ့တွေ ပြန်ခေါ်လာပြီး သူ့ကို ရိုက်နှက်ခဲ့တဲ့ အဖွဲ့ထဲ ပါဝင်သူလို့ ထင်ရတဲ့ နိုင်းဆတ်ဒီကို ၀ိုင်းရိုက်ရာမှာ ရင်ဘတ်က ဓားဒဏ်ရာ ၃ ချက်နဲ့ သေဆုံးသွားတယ်လို့  ဖူးခက်ရဲစခန်းတာဝန်ရှိသူက သတင်းထောက်တွေကို ပြောသွားပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013