DVB Logo
Home
မြန်မာသတင်း
ဒေါငံခါးတွင် PDF ရဲဘော် ၁ ဦး ကျဆုံး
DVB
·
June 12, 2026
Photo: DMO Local PDF
Photo: DMO Local PDF
Donate to DVB

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာမှာ စစ်အာဏာရှင်တပ် လက်ချက်ကြောင့် ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) က ရဲဘော်တယောက် ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းက ဇွန် ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

DMO Local PDF၊ တပ်ရင်း ၂၊ တပ်ခွဲ ၃ မှ အသက် ၂၈ နှစ်အရွယ် တပ်စိတ်မှူး ရဲဘော်ပလျားရယ်ဟာ ဇွန် ၁၀ ရက်က ဒေါငံခါး ရှေ့ကင်းတာဝန်ထမ်းဆောင်နေချိန် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

DMO Local PDF ရဲဘော်တယောက်က “တော်လှန်ရေးအစကတည်းက ပါဝင်ကူညီခဲ့တဲ့ သူတယောက်၊ အရှေ့ချေမှုန်းရေးရော အနောက်တာဝန်တွေပါ ကျေပွန်တဲ့ ရဲဘော်တယောက်ပါ၊ တော်တော်လေး တာဝန်ကျေခဲ့တာပေါ့နော်” လို့ ပြောပါတယ်။

ရဲဘော်ပလျားရယ်ဟာ ပေးအပ်တဲ့အမိန့်နဲ့ တာဝန်တွေကို ရဲဝံ့စွန့်စားစွာ ထမ်းဆောင်ခဲ့ပြီး ရဲဘော်တွေအပေါ် သစ္စာရှိတာ၊ တော်လှန်ရေးအပေါ် စိတ်ဓာတ်ခိုင်မာ ပြတ်သားတာတွေကြောင့် လေးစားရတဲ့ တော်လှန်ရေးရဲဘော်ကောင်းတယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

ကျဆုံးခဲ့ရတဲ့ ရဲဘော်ပလျားရယ်ရဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပြီး အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြုသလို စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးပန်းတိုင်ဆီ မရောက်မချင်း လက်တွဲမဖြုတ်ဘဲ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တပ်ရင်းက သစ္စာအဓိဋ္ဌာန်ပြုတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်တပ်က ကရင်နီပြည်နယ်ထဲက ပြည်ထောင်စုလမ်းမကြီး အနီးအနားကို ခြေကုပ်ယူထားပြီး စစ်ရှောင်ပြည်သူတွေရှိရာ နေရာတချို့ကိုလည်း စစ်ကြောင်းထိုးတာကြောင့် ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013