DVB Logo
Home
မြန်မာသတင်း
နွေဦးတက္ကသိုလ်က ၁ လအတွင်း တော်လှန်ရေးအတွက် ကျပ် ၆၉ သိန်းကျော် လှူဒါန်းနိုင်
DVB
·
May 13, 2022
နွေဦးတက္ကသိုလ်က ၁ လအတွင်း တော်လှန်ရေးအတွက် ကျပ် ၆၉ သိန်းကျော် လှူဒါန်းနိုင်
Donate to DVB

နွေဦးတက္ကသိုလ်က ပြီးခဲ့တဲ့ ဧပြီလမှာ ဖွင့်လှစ်ထားတဲ့ တန်းခွဲတွေကနေ လှူဒါန်းငွေ ၁ လအတွင်း ကျပ် ၆၉ သိန်းကျော် လက်ခံရရှိခဲ့တယ်လို့ Spring University Myanmar (SUM) က  ကြေညာထားပါတယ်။

အခုလိုရရှိခဲ့တဲ့ လှူဒါန်းငွေတွေကိုတော့ SUMCares ကတဆင့် CDM သူရဲကောင်းတွေကို ၃၂ သိန်းကျော် အပါအဝင် CDM စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျပ် ၈ သိန်း၊ Community Development အစီအစဉ်ကတဆင့် ကျပ် ၂၃ သိန်းကျော်ကို ကျောင်းသူ၊ကျောင်းသားတွေအတွက် School of Federalism and Peace Studies မှ Debate Training နဲ့ Research and Presentation Bootcamp တွေ အထောက်အပံ့ပေးခဲ့ပြီး ကျပ် ၅ သိန်း ကျော်ကိုတော့ ကျောင်းသူ၊ ကျောင်းသား ၂၅ ယောက်ကို Constitutional Federalism ပညာသင်ဆု အထောက်အပံ့တွေအဖြစ် အသီးသီးချီးမြှင့်လှူဒါန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နွေဦးတက္ကသိုလ်ရဲ့ တော်လှန်ရေးခရီးစဉ် ရည်ရွယ်ချက်အတိုင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ ပညာမသင်ယူလိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာရေးရပ်တန့်မသွားဖို့၊ CDM သူရဲကောင်း တွေကို ပိုမိုလှူဒါန်းနိုင်ဖို့ အတွက် အကောင်အထည်ဖော် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

နွေဦးတက္ကသိုလ်မှာ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အဆင်မြင့်ပညာရပ်တွေ ဆက်လက်သင်ယူနိုင်ဖို့ ကျောင်းခွဲ ၉ ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၂ တော်လှန်နှစ်သစ်မှာလည်း နွေဦးတက္ကသိုလ်အနေနဲ့ ကျောင်းသူ၊ ကျောင်းသား တွေကို ပေးအပ်ထားတဲ့ ကတိစကားအတိုင်း ပညာရေးဆက်လက်ရှင်သန်နိုင်ဖို့၊ CDM သူရဲကောင်းတွေကို ချီးမြှင့်လှူဒါန်းသွားနိုင်ဖို့ ပိုမိုကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ နွေဦးတက္ကသိုလ်ရဲ့ မေလအတွက် တန်းခွဲသစ်တွေကိုလည်း ဖွင့်လှစ်ထားပြီး အနယ်နယ်အရပ်ရပ်မှ CDM သူရဲကောင်း ၆၅၆ ယောက်ကို တယောက် ၄၅,၀၀၀ကျပ်စီ ချီးမြှင့်လှူဒါန်းနိုင်ဖို့အတွက် ခုလအတွင်း ဖွင့်လှစ်ထားရှိတဲ့ တန်းခွဲတွေမှာ တက်ရောက်လှူဒါန်းမယ့် ကျောင်းသူ၊ကျောင်းသားပေါင်း စုစုပေါင်း ၇၉၃ ယောက် လိုအပ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013