DVB Logo
Home
စိုက်ပျိုးရေး/တောင်သူလယ်သမား
ရှမ်းပြည်နယ်အတွင်း သိမ်းဆည်းခံလယ်မြေ ပြန်ရရှိမှု နည်းပါး
DVB
·
March 16, 2014
Donate to DVB

ရှမ်းပြည်နယ်အတွင်း အစိုးရဌာန ကုမ္ပဏီနဲ့ တပ်သိမ်း လယ်မြေအမှုပေါင်း ၈၀၀ ကျော်ရှိပြီး အခုအချိန်ထိ မူလပိုင်ရှင် တဦးစ နှစ်ဦးစပဲ လယ်မြေပြန်ရကြသေးတယ်လို့ ရှမ်းပြည်နယ် အမှတ် ၂ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောသန်းက ပြောပါတယ်။

Shan State Mapရှမ်းပြည်နယ်အတွင်း ခရိုင်နဲ့ မြို့နယ်ခွဲပေါင်း ၆၄ ခုမှာ မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီရုံးတွေ ဖွင့်ပြီး စွန့်လွှတ်မြေ ပြန်ပေးဖို့ သတင်းစာထဲ ကြော်ငြာထည့်သွင်း ဖော်ပြလာတာနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ သူက ခုလို ပြောတာ ဖြစ်ပါတယ်။

တတိုင်းပြည်လုံး မြေအသုံးချမှု စီမံခန့်ခွဲရေးရုံးတွေဖွင့်ပြီး စွန့်လွှတ်မြေပြန်ပေးဖို့ လုပ်ဆောင်နေပေမယ့် ပြည်နယ်တိုင်းတချို့မှာပဲ ဖွင့်လှစ်နိုင်နေတာဖြစ်ပြီး မူလပိုင်ရှင် မဆိုစလောက်ပဲ သူတို့ပိုင်တဲ့ လယ်မြေတွေ ပြန်ရနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013