အခွန်ကြွေးကျန် ပေးဆောင်ရန် တိုက်တွန်း
DVB
·
March 16, 2014

အခွန်ပေးဖို့ ကျန်နေသေးသူများ မတ်လ ၃၁ ရက်နောက်ဆုံးထားပြီး အခွန်ကြွေးကျန်ပေးဆောင်ဖို့ သက်ဆိုင်ရာက ဒုတိယအကြိမ် ထပ်မံ တိုက်တွန်းလိုက်ပါတယ်။
အမြတ်ခွန် ၀င်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ဖို့ ကျန်ရှိနေသူများထံ နို့တစ်စာတွေ ပေးပို့ထားပြီးဖြစ်လို့ လာရောက်ပေးဆောင်ကြဖို့နဲ့ ပေးဆောင်ဖို့ ပျက်ကွက်ရင် ဥပဒေနဲ့ အရေးယူမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။











