DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့ အလစ်ဝင်တိုက်
DVB
·
May 12, 2022
ကလေးမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့ အလစ်ဝင်တိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မေ ၁၀ ရက် ညက မြိုတွင်း ၃ နေရာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကလေး PDF နဲ့ CNDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ CNDF က ထုတ်ပြန်ပါတယ်။

တောင်ဖီလာရပ်ကွက် လေးထပ်ဆောင် ဝန်ထမ်းအိမ်ရာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို မိမိတို့ CNDF တပ်ဖွဲ့က ည ၈:၀၀ နာရီလောက်က အလစ်အငိုက် သွားရောက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ယောက်ခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးမြို့ စမ်းမြို့ရပ်ကွက်ရှိ မူးယစ်ရုံးကို ဒေသကာကွယ်ရေးပူပေါင်းတပ်ဖွဲ့ ဖြစ်တဲ့ CNDF နဲ့ PDF-Kalay ပူးပေါင်းတပ်ဖွဲ့တွေက ည ၁၀ နာရီဝန်းကျင်မှာ နာရီဝက်နီးပါး သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ တာဟန်းရပ်ကွက် နေကြာတိုက်အနီး ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို CNDF နဲ့ PDF-Kalay ပူးပေါင်းတပ်ဖွဲ့တွေက လူစုခွဲပြီး ပစ်ခတ်ကြရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကာ မိမိတို့ CNDF နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ကလေး PDF ရဲ့ တပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

မေ ၁၀ ရက် ညကပဲ စစ်ကောင်စီတပ်ဖွဲ့က တောင်ဖီလာတောင်ပေါ်ကနေ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့လို့ တာဟန်းရပ်ကွက်က နေအိမ်တလုံးပေါ် ကျရောက်ပြီး နေအိမ်ပျက်စီးကာ မိသားစုဝင်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013