DVB Logo
Home
ကျန်းမာရေး
အပူဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် လူနာ ၂ ဆ တက် (မေးမြန်းခန်း)
DVB
·
March 16, 2014
အပူဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် လူနာ ၂ ဆ တက် (မေးမြန်းခန်း)
Donate to DVB

အပူဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု မြင့်တက်နေတာတွေကြောင့် အခုရက်ပိုင်း အရေပြား ယားယံပြီး အရေပြားလောင်သူတွေ၊ နုန်းပြီးမူးဝေသူတွေ အထူးသဖြင့် ကလေးသူငယ်နဲ့ သက်ကြီး ပိုင်းတွေမှာ အဖြစ်များလာတယ်လို့ ရန်ကုန်မြို့မှာ ကိုယ်ပိုင် ဆေးခန်းဖွင့် ဆေးကုသပေးနေတဲ့ ဒေါက်တာမြင့်ဦးက ပြောပါတယ်။

headstroဒီလို ဝေဒနာတွေ ခံစားလာရပြီး ဆေးခန်းလာပြသူဦးရေ ဒီရက်ပိုင်း ၂ ဆ မြင့်တက်လာတယ် လို့လည်း ပြောပါတယ်။

ဆီးချိုရောဂါရှိသူတွေ ကလေးသူငယ်တွေနဲ့ အသက် ၆၀၊ ၇၀၊ ၈၀ တန်းတွေ အပူဒဏ်ကြောင့် ရောဂါတိုးလာနိုင်လို့ သတိထားနေထိုင်ကြဖို့ ဒေါက်တာမြင့်ဦးက အကြံပေးပါတယ်။

တတ်နိုင်သမျှ အရိပ်အောက်နေကြဖို့နဲ့ နေပူထဲ ကားမောင်းသူတွေ ဆောက်လုပ်ရေး လုပ်ငန်းခွင်က အလုပ်သမားတွေ အရေပြားလောင်သလို အရေပြားဝေဒနာ ပိုခံစားရတာ တွေ့ရတာမို့ ဆင်ခြင်ကြဖို့လည်း သတိပေးပါတယ်။

ရန်ကုန်မြို့က ဒေါက်တာမြင့်ဦးကို ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
အသံဖိုင် နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013