DVB Logo
Home
မြန်မာသတင်း
မင်းလှမြို့နယ်ရှိ စစ်ကောင်စီ ရဲကင်းစခန်းကို ဒေသခံ PDF အဖွဲ့ တိုက်ခိုက်
DVB
·
May 11, 2022
မင်းလှမြို့နယ်ရှိ စစ်ကောင်စီ ရဲကင်းစခန်းကို ဒေသခံ PDF အဖွဲ့ တိုက်ခိုက်
Donate to DVB

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာမှာရှိတဲ့ ရဲကင်းစခန်းတခုကို ဒေသခံ PDF တပ်ဖွဲ့တွေက  မေ ၁၀ ရက်က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး သေဆုံးမှုတွေလည်းရှိခဲ့တယ်လို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ ရဲကင်းစခန်းဟာ ဖြတ်သန်းသွားလာသူတဲ့ဒေသခံတွေကို စစ်ဆေးမေးမြန်းတာနဲ့ ဒေသတွင်း တရားမဝင် သစ်ခိုးထုတ်သူတွေထံကနေ စစ်ကောင်စီတပ်တွေ ဆက်ကြေးကောက်တဲ့ ဂိတ်ဖြစ်တယ်လို့ဆိုပါတယ်။ 

သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက “အဲဒီ ရဲကင်းစခန်းက သစ်ခိုးထုတ်သူတွေကို ဂိတ်ဖွင့်ပြီး ဆက်ကြေးတောင်းနေတဲ့ဂိတ် ဖြစ်တယ်။ အရင်ကတော့ ရဲတွေပဲရှိတာ။ အခုကတော့ ရဲတောင် အပြည့်မထားနိုင်တော့ဘူး။ ပျူစောထီးတွေနဲ့ ရဲအနည်းငယ်နဲ့ပဲ စောင့်နိုင်တော့တယ်။ ကျနော်တို့ကလည်း အခုလိုအချိန်မျိုးကို အလစ်စောင့်နေတာ ကြာပြီ။ ဝင်ပစ်တဲ့ အချိန်တုန်းက ရဲတယောက်နဲ့ သူ့မိသားစု ပျူတွေပဲ ဂိတ်မှာစောင့်နေတဲ့အချိန်၊ မေလ ၁၀ ရက်နေ့ မနက် ၉ နာရီလောက်မှာ ကျနော်တို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ နဲ့ ၃၈၀၂ တပ်ခွဲ ၃ တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာ အောင်မြင်ပါတယ်။သူတို့ဘက်က မျှော်လင့်မထားတော့ အငိုက်မိသွားတာပေါ့။ ဂိတ်စောင့်ရဲတဦးနဲ့ ပျူ ၅ ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တဲ့သူတွေနဲ့ ကျွန်းကုန်းရွာက ပျူခေါင်းဆောင်မြင့်ဌေးတို့ကတော့ ဂိတ်စခန်းကိုထားပြီး လွတ်မြောက် ထွက်ပြေးသွားကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ သူတို့ရဲ့တပ်တွေ တိုက်ခိုက်ခံရတာ၊ သေဆုံးဒဏ်ရာရတာတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လေ့ မရှိတာကြောင့် ကျဆုံးတဲ့အရေအတွက်ကို အတည်မပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

စမ်းဘုတ်ကျေးရွာဟာ မင်းလှမြို့နယ်ထဲကနေ ပဲခူးရိုးမအပေါ်ကိုတက်တဲ့ သစ်ခိုးလမ်းပေါ်က ကျေးရွာဖြစ်ပြီး အခုတိုက်ပွဲဖြစ်တဲ့ နေရာက ရွာအထွက်မှာရှိတဲ့ ဂိတ်မှာဖြစ်တာပါ။ အဲဒီဂိတ်ကနေ လက်ပံတန်း၊ ကျွန်းကလေး၊ တာဆုံဘင်လည်း သွားလို့ရပြီး မင်းလှ စိန်ကန့်လန့်လမ်းကိုလည်း သွားလို့ရပါတယ်။

အဲဒီဂိတ်မှာ ဖြတ်သန်းသွားလာတဲ့ ဆိုင်ကယ်၊ ကားတွေကို စစ်ကောင်စီတပ်တွေက   PDF တွေရဲ့ သတင်း မေးလေ့ရှိသလို သစ်/မီးသွေးတင်တဲ့ ဆိုင်ကယ်တစီးကို ၆,၀၀၀၊ သစ်ကား ဝါးကားဆိုရင် ၂၀,၀၀၀/၂၅,၀၀၀ တောင်းနေတဲ့ဂိတ်လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013