DVB Logo
Home
နိုင်ငံရေး
ကျောင်းသားတပ်မတော် ပြည်တွင်းငြိမ်းချမ်းရေးအပါအ၀င် ဦးတည်ချက် ၄ ရပ်နှင့် ဆက်လက်ချီတက်မည်
DVB
·
March 16, 2014
ကျောင်းသားတပ်မတော်  ပြည်တွင်းငြိမ်းချမ်းရေးအပါအ၀င် ဦးတည်ချက် ၄ ရပ်နှင့် ဆက်လက်ချီတက်မည်
Donate to DVB

ABSDF10thConf15032014တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်နစ် အောက်မှ လွတ်မြောက်ရေး ပထမဦးစားပေး လုပ်ဆောင်သွားဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးရဲ့ ဒဿမအကြိမ်ညီလာခံက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၄ ခုနှစ် မတ်လ ၇ ရက်မှ ၁၅ ရက်နေ့အထိ မကဒတ ဗဟိုဌာနချုပ် (ဒေါင်းတမန်) စခန်းမှာ ကျင်းပခဲ့တဲ့ ညီလာခံနောက်ဆုံးနေ့မှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး စတဲ့ ကျောင်းသားတပ်မတော်ရဲ့ ဦးတည်ချက်များ ထမြောက်အောင်မြင်တဲ့ အထိ မဆုတ်မနစ် ဆက်လက်ချီတက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

အေဘီအက်စ်ဒီအက်ဖ် ခေါ် ကျောင်းသားတပ်မတော်ကို ၁၉၈၈ ခုနှစ် ၈ လေးလုံး လူထုလှုပ်ရှားမှုကြီးမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲဖို့ နယ်စပ်ကို ရောက်ရှိလာတဲ့ ကျောင်းသားလူငယ်တွေနဲ့ ၁၉၈၈ ခု နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ကြတာပါ။

လက်ရှိမှာတော့ သမ္မတဦးသိန်းစိန်အစိုးရနဲ့ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့မှာ ငြိမ်းချမ်းရေး အတွက် ပထမအကြိမ် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ သဘောတူ လက်မှတ်ရေးထိုး ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013