DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲအတွင်း ခြေလက်အင်္ဂါဆုံးရှုံးသွားသည့် ကရင်နီရဲဘော်များကို ဆန်နှင့်ချီးမြှင့်ငွေ ထောက်ပံ့
DVB
·
May 11, 2022
တိုက်ပွဲအတွင်း ခြေလက်အင်္ဂါဆုံးရှုံးသွားသည့် ကရင်နီရဲဘော်များကို ဆန်နှင့်ချီးမြှင့်ငွေ ထောက်ပံ့
Donate to DVB

ကရင်နီ (ကယား) ပြည်နယ် ဒီးမောဆိုမြို့နယ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ခုခံကာကွယ်ရင်း ခြေလက်အင်္ဂါ ပေးဆပ်စွန့်လွှတ်လိုက်ရတဲ့ ရဲဘော်တွေကို ဂုဏ်ပြုချီးမြှင့်ငွေနဲ့ ရိက္ခာ ဆန် ၁ အိတ်စီ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B05 က ထုတ်ပြန်ပါတယ်။

ခြေလက်အင်္ဂါ ဆုံးရှုံးသွားတဲ့ ရဲဘော်တွေကို တဦး ၅၀,၀၀၀ ကျပ်နဲ့ ရိက္ခာ ဆန် ၁ အိတ်စီ ရဲဘော် ၁၆ ဦးကို မေ ၁၀ ရက် နေ့လယ်ပိုင်းက ပထဆုံးအကြိမ်အဖြစ် ထောက်ပံ့ ချီးမြှင့်ခဲ့တာလို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B05 တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီ (ကယား) ပြည်နယ်ကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေအတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် တပ်ရင်း ၅ တဖွဲ့တည်း ခြေလက်အင်္ဂါ ဆုံးရှုံးသွားတဲ့ ရဲဘော် ၁၆ ဦးအထိ ရှိတယ်လို့ သိရပါတယ်။

ဒဏ်ရာအပြင်းအထန်ရထားတဲ့ ရဲဘော်တွေကို လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ မိသားစုဝင်တွေရဲ့ စောင့်ရှောက်မှုနဲ့အတူ ဆေးဝါးကုသမှု ပေးထားပေမဲ့ တချို့ရဲဘော်တွေဆို စကားတောင် မပြောနိုင်သေးတာကြောင့် လိုအပ်တဲ့ ဆေးဝါးကုသမှု ဆက်လက်ပေးသွားမှာဖြစ်ပြီး လစဉ်ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ KNDF B05 တပ်ဖွဲ့ဝင်တွေက ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013