DVB Logo
Home
မြန်မာသတင်း
လာမည့်နှစ် ပေါင်းဆန်တန်ချိန် ၃ သိန်း ပြည်ပတင်ပို့မည်
DVB
·
March 16, 2014
လာမည့်နှစ် ပေါင်းဆန်တန်ချိန် ၃ သိန်း ပြည်ပတင်ပို့မည်
Donate to DVB

ပေါင်းဆန် ပြည်ပတင်ပို့မှုက ပြီးခဲ့တဲ့နှစ်မှာ တန်ချိန် ၃ သောင်းလောက်သာတင်ပို့နိုင်ခဲ့ပြီး လာမယ့် ဘဏ္ဍာနှစ်ကျရင် တန်ချိန် ၃ သိန်းအထိ တိုးမြှင့်တင်ပို့နိုင်မယ်လို့ မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက ပြောပါတယ်။

ပြည်တွင်းမှာ အရင်က ပေါင်းဆန်ထုတ်လုပ်နိုင်တဲ့ စက်စွမ်းအားအရေအတွက် နည်းပါးမှု ကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်က ပြည်ပကို ပေါင်းဆန် တန်ချိန် ၃ သောင်းလောက်သာ တင်ပို့နိုင်ခဲ့ပါတယ်။

Workers carry sacks of riceဒါပေမယ့် လာမယ့် ဘဏ္ဍာရေးနှစ်ကစလို့ ပြည်တွင်းမှာ ပေါင်းဆန် ၁ နှစ်ကို တန်ချိန် ၃ သိန်းအထိ ထုတ်လုပ်နိုင်ဖို့အတွက် စက်စွမ်းအားအရေအတွက်ကို တိုးမြင့်ထားသလို ထွက်ရှိလာတဲ့ ပေါင်းဆန်တွေကိုလည်း ပြည်ပနိုင်ငံတွေဆီ တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ရဲ့ ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။

“လက်ရှိအခြေအနေကတော့ တနေ့ တန် ၁၀၀ ကျ ၁၀ လုံး တည်နေတာပေါ့နော်။ တည်နေတာကို ၇ လုံးက ပြီးသလောက် ဖြစ်သွားပြီ။ မြန်မာ့လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ တည်နေတာ ၁၀ လုံးပေါ့နော်။ အဲဒီ ၁၀ လုံးအပြင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကလည်း တန် ၂၅၀ တလုံး တည်ထားတယ်။ ပြီးပြီလို့ သိရပါတယ်။ အဲဒါကြောင့် လာမယ့်နှစ် မိုးစပါးပေါ်ချိန်မှာ ပေါင်းဆန် တန်ချိန် ၃ သိန်းနီးပါးလောက် ပြည်ပပို့နိုင်မယ်လို့ အန်ကယ်တို့ မျှော်လင့်ပါတယ်။”

နိုင်ငံတကာဈေးကွက်မှာ ရုရုား၊ ဥရောပနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ပေါင်းဆန် စားသုံးမှုရှိတဲ့ အဓိက ဈေးကွက်ကြီး ဖြစ်ပါတယ်။
မြန်မာ့ပေါင်းဆန်ကို ပြည်ပဈေးကွက်တွေဆီ တင်ပို့တဲ့နေရာမှာတော့ မြန်မာ့လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်း (အမ်အေပီစီအို) က ဈေးကွက်ရရှိဖို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပေမယ့် လူတဦးချင်းစီကလည်း တင်ပို့နိုင်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောပါတယ်။

“အခုက ပုဂ္ဂလိက ကဏ္ဍကို ဦးစားပေးပြီးတော့ တိုးတက်လာအောင် လုပ်ပေးနေတာပါ။ လုပ်ပေးနေတဲ့အခါကျတော့ ထွက်လာတဲ့ ပေါင်းဆန်ကို မြန်မာ့လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်း ကနေပြီးတော့ ဦးဆောင်ပြီး ပို့တဲ့အပိုင်းပဲ လုပ်မှာပါတယ်။ တသီးပုဂ္ဂလ ဈေးကွက် အချိတ်အဆက် ရှိတယ်ဆိုရင်လည်း သက်ဆိုင်ရာစက်ပိုင်တွေနဲ့ သူတို့ဘာသူတို့ လွတ်လပ်စွာ ပို့လို့ရပါတယ်။ မြန်မာ့လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်းကတော့ ဦးဆောင်ပြီးတော့ ဈေးကွက်ရရှိအောင်တော့ ကြိုးစားပေးမှာပါ။ ”

မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းရဲ့အတွင်းရေးမှူး ဦးသောင်းဝင်းကတော့ မြန်မာ့ပေါင်းဆန် ထုတ်လုပ်မှု တိုးတက်လာဖို့အတွက် ခေတ်မီ ဆန်စက်ကြီးတွေ တည်ဆောက်ဖို့ လိုတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ညီလာခံမှာ အခုလို ထောက်ပြပြောဆိုခဲ့ပါတယ်။

“လာမယ့်နှစ်မှာ တန် ၃ သိန်းတင်ပို့မယ်ဆိုရင်လည်း တင်ပို့နိုင်တဲ့ အလားအလာ ရှိတယ်လို့ ကျနော်ပြောလိုပါတယ်။ သို့သော် စက်အားလုံးသည် လည်ပတ်နိုင်ခြင်း မရှိသေးတဲ့အတွက် တော်တော်လေးတော့ ကြိုးစားရလိမ့်မယ်လို့ တင်ပြလိုပါတယ်။ ခေတ်မီတဲ့ ဆန်စက်ကြီးတွေ ကျနော်တို့ လိုအပ်နေပါသေးတယ်။ အဲဒါကိုလည်း အသင်းသူ အသင်းသားတွေ ကုမ္ပဏီကြီးတွေကနေပြီးတော့မှ ဆန်စက်ကြီးတွေကို အမြန်ဆုံး တည်ဆောက်နိုင်ဖို့ တိုက်တွန်းလိုပါတယ်။”

မြန်မာ့ပေါင်းဆန်ကို ဥရောပနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက အဓိက၀ယ်ယူနေတာ ဖြစ်ပြီး နိုင်ငံတကာဈေးကွက်မှာ လက်ရှိ ၁ တန်ကို အမေရိကန်ဒေါ်လာ ၄၇၀ ရရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013