DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ် ကျောင်းရွာအခြေစိုက် အမှတ် ၅၉၁ တပ်ကို ရေးဘီလူးအဖွဲ့ စီးနင်းတိုက်ခိုက်
DVB
·
May 10, 2022
ရေးမြို့နယ် ကျောင်းရွာအခြေစိုက် အမှတ် ၅၉၁ တပ်ကို ရေးဘီလူးအဖွဲ့ စီးနင်းတိုက်ခိုက်
Donate to DVB

မွန်ပြည်နယ်၊  ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် အမှတ် ၅၉၁ တပ်ကို မေ ၁၀ ရက်နေ့ မနက် ၁၁ နာရီ မိနစ် ၄၀ မိနစ်လောက်မှာ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့က ပြောပါတယ်။

ရေးဘီးလူးအဖွဲ့က ၄၀-မမ ၃ လုံး၊ M16 ၃ လက်နဲ့ ဝင်ရောက် ပစ်ခတ်ခဲ့တာဖြစ်ပြီး ၅၉၁ တပ်က ၄ ဦး ကျဆုံးတယ်လို့ ဆိုပါတယ်။

မိနစ် အနည်းငယ်ကြာ ပစ်ခတ်မှုအပြီးမှာ ရေးမြို့အခြေစိုက် တပ်ရင်းဘက်မှ ကား ၄ စီးနဲ့ ချက်ချင်းစစ်ကူ လာရောက်တာကြောင့် ရေးဘီးလူးအဖွဲ့က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ရေဘီလူးအဖွဲ့ဝင်တဦးက ပြောပါတယ်။

လက်ရှိမှာ ကျောင်းရွာကျေးရွာနေသူတွေကို ရေးဘီးလူး အဖွဲ့သားတွေရဲ့ လှုပ်ရှားမှုအခြေနေတွေနဲ့ ပက်သက်ပြီး စုံစမ်းစစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောင်းရွာကျေးရွာမှာ အခြေစိုက်တဲ့ ၅၉၁ တပ်ရင်းကို ရေးဘီးလူး အဖွဲ့သားတွေက ပထမဆုံးအကြိမ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၈ ရက်နေ့ကလည်း ကျောင်းရွာ ရဲကင်းစခန်းကို ရေးပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ YSTF က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရေးမြို့နယ် ကျောင်းရွာအခြေစိုက် အမှတ် ၅၉၁ တပ် စီးနင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013