DVB Logo
Home
မြန်မာသတင်း
အာဆီယံ ရုပ်ရှင်ပွဲတော် မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပမည်
DVB
·
March 15, 2014
အာဆီယံ ရုပ်ရှင်ပွဲတော် မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပမည်
Donate to DVB

မြန်မာနိုင်ငံမှာ အာဆီယံ ရုပ်ရှင်ပွဲတော်ကို ပထမဆုံးအကြိမ် မတ်လ ၁၇ ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်ရှင်လုပ်ငန်းက ဦးဆောင်စီစဉ်ကျင်းပမှာဖြစ်ပြီး ရန်ကုန်မြို့ နေပြည်တော် ရုပ်ရှင်ရုံမှာ မတ်လ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ အာဆီယံနိုင်ငံတွေက ရုပ်ရှင်တွေကို ပြသမှာဖြစ်ပါတယ်။

1904011_10152249475977305_1805370641_nအာဆီယံနိုင်ငံတွင်း နိုင်ငံပေါင်း ၉ နိုင်ငံက ရုပ်ရှင်ကားတွေ ပြသမှာ ဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ကယန်းအလှ၊ ကြိုးတန်းနဲ့ ပန်းကြာဝတ်မှုန် စတဲ့ ရုပ်ရှင် ဇာတ်ကား ၃ ကားကို ပြသသွားမှာ ဖြစ်ပါတယ်။

မြန်မာ့ရုပ်ရုပ်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက အာဆီယံရုပ်ရှင်ပွဲတော်ကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း အခုလို ပြောပါတယ်။

“ကျနော်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ကျနော်တို့လည်း တခြားနိုင်ငံတွေက ပွဲတော်တွေ သွားတက်ဖူးတယ်။ အဲဒီတော့ ကျနော်တို့ တိုင်းပြည်မှာလည်း ဒီလိုမျိုးလုပ်နိုင်ရင် ကောင်းမယ်ဆိုတဲ့ ကျနော်ရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒတော့ ရှိတာပေါ့။ အဲဒါ အခုဖြစ်လာတယ်ဆိုတော့ ကျနော့်အနေနဲ့ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။”

ရွေးချယ်ထားတဲ့ ရုပ်ရှင် ဇာတ်ကား ၃ ကားကိုလည်း ပြန်ကြားရေးဝန်ကြီးဌာန ရုပ်ရှင်လုပ်ငန်းကပဲ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ မြန်မာ့ရုပ်ရုပ်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေနဲ့ ကိုရီးယားရုပ်ရှင်ပွဲတော်အပြင် တခြားရုပ်ရှင်ပွဲတော်တွေ ကျင်းပခဲ့ဖူးပါတယ်။ မြန်မာအာဆီယံ ဥက္ကဋ္ဌဖြစ်ချိန်မှာ ပထမဆုံးကျင်းပမယ့် အာဆီယံ ရှင်ရှင်ပွဲတော်လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013