DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် တပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေ၊ ကား ၈ စီး ပျက်စီး
DVB
·
May 9, 2022
ကရင်နီတွင် တပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်  ၄၀ ကျော်သေ၊ ကား ၈ စီး ပျက်စီး
Donate to DVB

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆို၊ ဖရူဆိုနဲ့  ဘောလခဲမြို့နယ်တွေမှာ မေလ ၁ ရက်မှ ၇ ရက်အထိ တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၄ ယောက် သေဆုံးကာ ထောက်ပို့ကား ၈ စီး ပျက်စီးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က မေလ ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဘောလခဲ-ဖရူဆိုလမ်းမကြီးတကြောရှိ နန်းဖဲနဲ့ လောကျေခူကျေးရွာအနီးတွေမှာ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေတင်ဆောင်ကာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကားအစီး ၃၀ ပါ ယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ပွဲအတွင်းကရင်နီပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကို အရှင်ဖမ်းဆီးမိခဲ့ပြီး လက်နက် ၁၅ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ကြောင်းလည်း ဆိုပါတယ်။

ဘောလခဲမြို့နယ်အတွင်း မေ ၁ ရက်က   ဘောလခဲမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းက မိုင်းထမ်းကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ရမ်းပစ်ခတ်ခဲ့လို့ နေအိမ်၂  လုံးမီးလောင် ပျက်စီးခဲ့ကြောင်း ဖော်ပြပါတယ်။

ဒီးမော့ဆိုမြို့နဲ့ အနီးတဝိုက်ရှိ ရပ်ကွက်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေကြောင်းလည်း ဖော်ပြပါတယ်။

ဒီးမော့ဆိုမြို့နယ် ကုန်းသာ၊ ဒေါငံခါးနဲ့ ခေါက်ပလော့ရပ်ကွက်၊ ထူလွှီးဘီလာနဲ့ အနီးတဝိုက်တွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေ၊  PDF မဟာမိတ်အဖွဲ့တွေနဲ့ နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်ပွားနေကြောင်းလည်း ဖော်ပြပါတယ်။

မေလ ၆  ရက်က စစ်ကောင်စီတပ်တွေနဲ့ ခုခံတိုက်ခိုက်ရင်း လောကျေခူတိုက်ပွဲမှာ  KNDF မှ ရဲဘော်တယောက် ကျဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013