DVB Logo
Home
မြန်မာသတင်း
တရုတ်က မြန်မာပြည်သူကို အသေးစားချေးငွေ ထုတ်ပေးမည်
DVB
·
March 15, 2014
တရုတ်က  မြန်မာပြည်သူကို အသေးစားချေးငွေ ထုတ်ပေးမည်
Donate to DVB

တရုတ်နိုင်ငံ ဆင်းရဲမွဲတေမှုပပျောက်ရေး ဖောင်ဒေးရှင်းက မြန်မာလူထုအတွက် အသေးစားချေးငွေ ထုတ်ချေးတာအပါအ၀င် ပညာရေးနဲ့ ကျန်းမာရေး အကူအညီတွေ ပေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

မန္တလေးမြို့မှာ အခြေစိုက်ပြီး အသေးစားချေးငွေလုပ်ငန်း အပါအ၀င် မြန်မာပြည်အတွက် အကူအညီပေးရေး လုပ်ငန်း ၁၀ ခုကို ဆောင်ရွက်ပေးသွားမယ်လို့ မတ် ၁၃ ရက်နေ့က ရန်ကုန်မှာ ကျင်းပတဲ့ မြန်မာ လူထုဘ၀မြှင့်တင်ရေးဆိုင်ရာ တရုတ်-မြန်မာ ဆွေးနွေးပွဲမှာ ပြောကြား လိုက်တာပါ။

Myanmar and Chinese national flags are seen on a table during the opening ceremony of opening office of Pyithau Hluttaw Commission for Assessment of Legal Affairs and Special Issues office, in Yangonတရုတ်နိုင်ငံ ဆင်းရဲမွဲတေမှုပပျောက်ရေး ဖောင်ဒေးရှင်းအနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ဆောင်မယ့် လုပ်ငန်းတချို့နဲ့ပတ်သက်ပြီး ဖောင်ဒေးရှင်းတာဝန်ခံ မစ္စတာ အူဖုန်းက ဘာသာပြန်ကတဆင့် ခုလိုပြောပါတယ်။

“အခုတင်ပြတာကတော့ ကျနော်တို့ရဲ့ ဆင်းရဲမွဲတေမှုပပျောက်ရေး ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ ရုံးဌာန ဖွဲ့စည်းဖို့ပါ။ ကျနော်တို့ရဲ့ စီမံကိန်းအရ မြန်မာနိုင်ငံရဲ့ မှတ်တမ်းထဲမှာ ရုံးချုပ်တခု ဆောက်ဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် နေပြည်တော်၊ ရန်ကုန်နဲ့ မြစ်ကြီးနားမှာ ရုံးခွဲအသီးသီးလည်း ပြုလုပ်သွားပါမယ်။”

ဒီလုပ်ငန်းတွေဆောင်ရွက်ဖို့ ဒီနှစ်ကုန်ပိုင်းလောက်မှာ ပြည်ထဲရေးဝန်ကြီးဌာနဆီမှာ တရားဝင်မှတ်ပုံတင်ရယူ ဆောင်ရွက်သွားမယ်လို့ ပြောပေမယ့် အသေးစားချေးငွေတွေကို ဘယ်လိုထုတ်ချေးမယ် အကူအညီပမာဏ ဘယ်လောက်အထိ ပေးမယ်ဆိုတာတွေကိုတော့ အသေးစိတ် ပြောဆိုခဲ့တာမရှိပါဘူး။

တရုတ်ဖောင်ဒေးရှင်းအနေနဲ့ မြန်မာနိုင်ငံအတွက် ပညာရေးနှင့် ကျန်းမာရေး အကူအညီပေးရေး လုပ်ငန်းတွေကိုတော့ မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း (MDRI) နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး အဓိကရုံးချုပ်ကို မန္တလေးမြို့ ရုံးခွဲတွေကို နေပြည်တော်၊ ရန်ကုန်နဲ့ မြစ်ကြီးနားမြို့တွေမှာ ဖွင့်လှစ်ဆောင်ရွက်ဖို့လည်း အစီအစဉ်ရှိပါတယ်။

“နံပတ် ၃ စီမံကိန်းမှာ ဖောင်ဒေးရှင်းနဲ့ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ၀န်ကြီးဌာန၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးဌာနနဲ့အတူ နားလည်မှု စာချွန်လွှာ ချုပ်ဆိုဖို့ ရှိပါတယ်။ မန္တလေး အဓိက ထားပြီးတော့ အသေးစားချေးငွေ ဖြန့်ချိရေး၊ ပညာရေး၊ ကျန်းမာရေး၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ နည်းပညာဖြန့်ချိန်ရေး အတတ်ပညာ ဖြန့်ချိရေး အစရှိတဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေး အစီအစဉ်ကို ဆောင်ရွက်သွားဖို့ ရှိပါတယ်။”

ဖောင်ဒေးရှင်းအနေနဲ့ စီမံကိန်းတွေ ဆောင်ရွက်တဲ့အခါ ကျေးလက် ဒေသတွေအထိ ကွင်းဆင်းဆောင်ရွက်မှာ ဖြစ်ပြီး ပွင့်လင်းမြင်သာမှုနဲ့ ဆောင်ရွက်မယ်၊ ဒီအတွက် မြန်မာ သတင်းမီဒီယာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒါ့ပြင် တရုတ်-မြန်မာ လူမှုရေးအသိုင်းအ၀ိုင်း အပြန်အလှန်အကူအညီပေးရေး ဗဟိုဌာန တခုလည်း တည်ဆောက်ဖို့ တရုတ်ဖောင်ဒေးရှင်းက အစီအစဉ်ရှိနေတယ်လို့လည်း ဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။

တရုတ်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ အကျိုးအမြတ် ထုတ်ယူတဲ့ လုပ်ငန်းတွေသာ လုပ်ကိုင်နေတယ်လို့ ဝေဖန်ခံနေရချိန်မှာ ခုလို မြန်မာအခြေခံလူထုတွေရဲ့ ဆင်းရဲမှု လျော့ချရေး ကူညီပေးဖို့ ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013