DVB Logo
Home
မြန်မာသတင်း
မင်းတပ်မြို့နယ်တွင် CDF-မင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေ
DVB
·
May 9, 2022
မင်းတပ်မြို့နယ်တွင် CDF-မင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေ
Donate to DVB

ချင်းပြည်နယ် မင်းတပ်မြို့နယ် မင်းတပ်-မတူပီကားလမ်း မိုင်တိုင်အမှတ် ၂၅ မှာ ဒီကနေ့ မနက် ၈ နာရီလောက်ကနေ မွန်းလွဲ ၁ နာရီ လောက်အထိ CDF-မင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ CDF-မင်းတပ်ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဆလိုင်း ဟာအွမ်က ပြောပါတယ်။

“နှစ်ဖက်တိုက်ပွဲ ​အပြင်းအထန် ဖြစ်ပွားနေတာ ၅ နာရီလောက်ရှိနေပြီဗျ။ ရာသီဦတုဆိုးရွားပြီး မိုးတွေရွာ မြူတွေဆိုင်းနေတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ အတည်မပြုနိုင်သေးဘူး” လို့ ပြောပါတယ်။

မင်းတပ်-မတူပီကားလမ်းမှာ မေ ၇ ရက် မနက် ၉ နာရီလောက်ကလည်း စစ်ကောင်စီယာဥ်တန်းကို CDF-မင်းတပ် အရန်တပ်ဖွဲ့က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးပြီး မိုင်တိုင်- ၃၂ နားမှာလည်း ညနေ ၅ နာရီလောက်က ထိတွေတိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီ တပ်သား တယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် မိုင်တိုင် ၃၀/၃၁ နားမှာလည်း မေ ၇ ရက် နေလယ် ၁၁ နာရီနဲ့ ၁၂ နာရီကြားမှာ စစ်ကောင်စီတပ်သားတွေကို CDF-မင်းတပ်က ပြောက်ကျားနည်းစနစ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ၅ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ပြန်ကြားရေး တာဝန်ခံက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မင်းတပ်-မတူပီကားလမ်းဘေးမှာရှိတဲ့ မိုင် ၄၀ ရွာက ပြည်သူတွေရဲ့ နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသလို နေအိမ်တွေကို မွှေနှောက်ကာ အဖိုးတန် ပစ္စည်း တွေ နဲ့ ငွေကြေးတွေကို ခိုးယူသွားကြတယ်လို့ ပြောပါတယ်။

အဲဒီ စစ်ကောင်စီယာဥ်တန်းဟာ မင်းတပ်-မတူပီကားလမ်း မိုင်တိုင် ၂၇ နဲ့ ၂၈ နားမှာလည်း မနေ့က မေလ ၈ ရက်နေ့က CDF-မင်းတပ်က ထောင်ထားတဲ့ မိုင်းတွေကို နင်းမိပြီး ကားတစ်ချို့ပျက်စီးခဲ့ကာ ထိခိုက်သေဆုံးတာတွေနဲ့ ပျက်စီးတာတွေကို ရာသီဥတုဆိုးရွားနေလို့ အတိကျ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ချင်းပြည်နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲ ဖြစ်ပွားနေလို့ ဒေသခံပြည်သူ ၃၆၃၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ Unitet Nation OCHA Myanmar က မေလ ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013