DVB Logo
Home
မြန်မာသတင်း
မွန်တိုင်းရင်းသားရေးရာဝန်ကြီး ရရှိရေး မွန်လူဦးရေစာရင်း ကောက်ခံ
DVB
·
March 14, 2014
မွန်တိုင်းရင်းသားရေးရာဝန်ကြီး ရရှိရေး မွန်လူဦးရေစာရင်း ကောက်ခံ
Donate to DVB

လာမယ့် ရွေးကောက်ပွဲတွေမှာ မွန်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ရနိုင်ဖို့ ရန်ကုန်၊ ပဲခူးနဲ့ တနင်္သာရီတိုင်းဒေသကြီး ၃ ခုမှာ မွန်တိုင်းရင်းသားတွေရဲ့ လူဦးရေစာရင်းတွေ ကောက်ခံနေ ပါတယ်။

ဒီလို မွန်လူဦးရေစာရင်းတွေ ကောက်ယူနေတာဟာ အစိုးရက ဆောင်ရွက်နေတဲ့ သန်းခေါင်စာရင်း ကောက်ယူမှုနဲ့ ပတ်သက်ခြင်း မရှိဘဲ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မွန်တိုင်းရင်းသားရေးရာဝန်ကြီးရရှိရေး ရည်ရွယ်တယ်လို့ ရန်ကုန်တိုင်း မွန်လူဦးရေစာရင်း ကောက်ခံရေး ဒါရိုက်တာ မင်းစိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။

cen“နိုင်ငံတခုလုံးရဲ့ လူဦးရေ ပြည့်မီလို့ ရှိရင် ကျနော်တို့ရဲ့ မွန်တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ တရားဝင် ကိုယ်စားလှယ်တဦး ရွေးချယ်ခွင့်ရှိတယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သိရတယ်။ ကျနော်တို့ အဲဒါကို ရည်မှန်းတာလည်း ပါပါတယ်။ နောက်တခုက တိုင်းဒေသကြီးထဲမှာ ကျနော်တို့ လူဦးရေစာရင်း တိတိကျကျသိရတဲ့အခါကြတော့ မွန်စာပေ သင်ကြားတာတို့ မွန်အမျိုးသားနေ့ ကျင်းပတာတို့ ဘာပဲလုပ်လုပ် ကျနော်တို့လူမျိုးတွေနဲ့ ကျနော်တို့ အချိန်မီ တိတိကျကျ ဆက်သွယ်ဆောင်ရွက်လို့ ရတာပေါ့။ စီးပွားရေး၊ လူမှုရေးတွေ လုပ်တဲ့အခါမှာလည်း ညီညီညွှတ်ညွှတ်နဲ့ ဆောင်ရွက်လို့ရအောင်လို့ ရည်ရွယ်ချက်ထားပြီးတော့ ကောက်တာပါ။”

ရန်ကုန်တိုင်းမှာ မွန်လူမျိုးတွေ အမြောက်အများ ပြန့်နှံ့နေထိုင်ပေမယ့်လည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲက တချို့ မှတ်ပုံတင်တွေမှာ မွန်လူမျိုးအစား အခြားလူမျိုးအဖြစ် ဖော်ပြထားတာတွေ ရှိတဲ့အတွက် မွန်တိုင်းရင်းသား ၀န်ကြီးရဖို့ မွန်လူဦးရေမပြည့်မီခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။

ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းအတွင်း မွန်လူဦးရေ စာရင်းကောက်ခံရေးကို ပြီးခဲ့တဲ့နှစ်က တည်းက စပြီးကောက်ခံခဲ့တာ ဖြစ်ပြီး ရန်ကုန်မှာတော့ လက်ရှိအချိန် အထိ မြို့နယ်ပေါင်း ၄၀ မှာ စာရင်းကောက်ယူပြီးစီးသွားပြီဖြစ်ပြီး မွန်တိုင်းရင်းသားအရေအတွက် ၄ သောင်းကျော် ရထားတယ်လို့ ဆိုပါတယ်။

အလားတူ တနင်္သာရီတိုင်းဒေသကြီးမှာလည်း မွန်လူဦးရေစာရင်း ကောက်ခံမှုကို ၂၀၁၄ ဖေဖော်ဝါရီလဆန်းပိုင်းက စတင်ခဲ့ပြီး ဒီနေ့ထိ မြို့နယ်ပေါင်း ၁၀ ခုမှာ မွန်လူဦးရေ စုစုပေါင်း ၅ သောင်းကျော် ကောက်ခံရရှိတယ်လို့ တနင်္သာရီတိုင်း လူဦးရေကောက်ခံရေးလုပ်ငန်း ကြီးကြပ်ရေး ကော်မတီဝင် မိကွန်းချမ်းနွံက ပြောပါတယ်။

တနင်္သာရီတိုင်းက မွန်လူဦးရေစာရင်း ကောက်ယူမှုကိုတော့ ၂၀၁၄ မတ်လကုန်မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မိမိပြည်နယ်မဟုတ်တဲ့ အခြားဒေသမှာ ရောက်ရှိနေတဲ့ တိုင်းရင်းသားလူမျိုးတွေအနေနဲ့ တနိုင်ငံလုံးလူဦးရေရဲ့ ၀ ဒဿမ ၁ ရာခိုင်နှုန်း (၆ သောင်းခန့်) ရှိတယ်ဆိုရင် တိုင်းရင်းသားရေးရာဝန်ကြီးတဦး ခန့်ထားပေးနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

လက်ရှိမှာတော့ ကရင်ပြည်နယ်မှာပဲ မွန်တိုင်းရင်းသားရေးရာ ၀န်ကြီး ၁ နေရာ ရရှိထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013