DVB Logo
Home
မြန်မာသတင်း
မြန်မာ့လူ့အခွင့်အရေး စိုးရိမ်ရဟု အစီရင်ခံစာတွင် ထောက်ပြ
DVB
·
March 14, 2014
မြန်မာ့လူ့အခွင့်အရေး စိုးရိမ်ရဟု အစီရင်ခံစာတွင် ထောက်ပြ
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားရဲ့ အစီရင်ခံစာမှာ မြန်မာ့လူအခွင့်အရေး အခြေအနေဟာ လစ်ဟင်းမှုနဲ့ စိုးရိမ်ပူပန်စရာတွေ အများကြီးရှိနေတယ်လို့ ထောက်ပြထားပါတယ်။

မစ္စတာ ကင်တားနားဟာ ဖေဖော်ဝါရီလ က ၉ ကြိမ်မြောက် နောက်ဆုံး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဒီအစီရင်ခံစာကို ကုလသမဂ္ဂမှာတင်သွင်းဖို့ ရေးသားထားတာပါ။

Tomas-Ojea-Quintana1ဒီအစီရင်ခံစာမှာ ရခိုင်ပြည်နယ်မှာ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေပြီး နိုင်ငံတကာ ရာဇ၀တ်မှု တရားရုံးရဲ့ လူသားဖြစ်ရပ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်တာတွေ ရှိနေသလို တိုးတက်မှု မရှိဘူးလို့လည်း ရေးသားထားပါတယ်။

အစိုးရက တစုံတရာအရေးယူမှု မရှိသေးသရွေ့ ဆိုးဝါးတဲ့ အခြေအနေက ပိုဆိုးလာနိုင်တယ်လို့ ဆိုပါတယ်။

သြဇာရှိတဲ့သူတွေ၊ နိုင်ငံရေးသမားတွေနဲ့ ဘာသာရေး အုပ်စုတွေက ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ၁ သန်းနီးပါးကို ဖယ်ရှားဖို့ ကြိုးစားနေတယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် ဒုချီးရားတန်းကျေးရွာမှာ ရိုဟင်ဂျာ ၄၀ နီးပါး သေဆုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း ပြည်တွင်းစုံစမ်းရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်က ကျေနပ်မှု မပေးနိုင်တဲ့အတွက် ပူပန်မိတယ်လို့ ရေးပါတယ်။

ဒီရွာမှာဖြစ်ခဲ့တဲ့ ပုန်းကွယ်နေတဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ အတွက် လူ့အခွင့်အရေးကောင်စီနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းပြီး ယုံကြည်ရတဲ့ စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်ဖို့ လိုတယ်လို့လည်း အကြံပြုထားပါတယ်။

မစ္စတာ ကင်တားနားဟာ ဒီအစီရင်ခံစာကို လာမယ့် မတ် ၁၇ ရက်နေ့မှာ တင်ပြီးရင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေးအထူး ကိုယ်စားလှယ်တာဝန်ကနေ အနားယူတော့မှာ ဖြစ်ပါတယ်။

ကင်တားနားနေရာကို ၀င်ရောက်မယ့်သူဟာ ကလေးအခွင့်အရေး ကျွမ်းကျင်သူ တောင်ကိုရီးယား နိုင်ငံသား ရန်ဟီးလီဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013