Home
သတင်းဓာတ်ပုံ
တိုကျိုမြို့တွင် မြန်မာ့နွေဦးတော်လှန်ရေး ဒုတိယလှိုင်းအဖြစ် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ
ဇော်ဇော်လှိုင်
·
May 8, 2022
280375646_10228299478130079_4068226761851527406_n
280361877_10228299477370060_346765409757288989_n
280297887_10228299472969950_7916634828783124465_n
280296778_10228299472289933_7770469325489171398_n
280291093_10228299471609916_8889373190241811021_n
280288509_10228299472849947_4554133963414674799_n
280273306_10228299477170055_5672961801310768021_n
280232261_10228299471449912_5740771126531946072_n
280228202_10228299472129929_1658444637401571447_n
280218462_10228299478330084_1524636499829480057_n

ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး ဒုတိယလှိုင်း တိုက်ပွဲခေါ်သံအဖြစ် စစ်အာဏာရှင် ဆန့်ကျင် ချီတက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့လူစည်ကားတဲ့  ရှင်ဂျုခုအရပ်မှာ ဂျပန်ရောက် မြန်မာပြည်သားတွေက  မေလ ၈ ရက် ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ဟာ ဂျပန်နိုင်ငံမှာ အမေများနေ့ကျင်းပတာနဲ့ တိုက်ဆိုင်တဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက်လည်း တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ကိုရန်ပိုင်ဦးက “ကျနော်တို့အားလုံးရဲ့ အမေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲံ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးရေးကို တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

ဆန္ဒပြပွဲ ပွဲဦးဆောင်သူတဦးဖြစ်တဲ့ ကိုသန့်ဇော်ထက်ကလည်း “ဒီဆန္ဒပြပွဲက မြန်မာနိုင်ငံအတွက် အသက်ပေးဆောင်ရွတ်နေကြတဲ့PDFတွေကို ဂုဏ်ပြုတာပါသလို သွေးစွန်းတဲ့နေတဲ့ စစ်ကောင်စီကို အားမပေးကြဖို့နဲ့ နိုင်ငံတကာရောက်နေပေမဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းရှိနေတာကို နည်းမျိုးစုံပူးပေါင်းပါဝင်ပြသနေတာပါ။ အားတင်းထားကြပါ”လို့ ပြော ပါတယ်။

ချီတက်ဆန္ဒပြပွဲမှာပါဝင်ခဲ့သူ တိုကျို မြန်မာသံရုံးက CDM လုပ်ထားတဲ့ ပထမအတွင်းဝန် ဦးအောင်စိုးမိုးကလည်း “ မြန်မာပြည်က CDM ဝန်ထမ်းတွေ ပန်းတိုင်ရောက်ခါနီပါပြီ။  ဇွဲရှိကြပါ မျှော်လင့်လို့တိုက်တာမဟုတ်ဘူး၊ ယုံကြည်လို့ တိုက်တာမို့လို့ အရေးတော်ပုံ အောင်ကိုအောင်ရမယ်” လို့ ပြောပါတယ်။

ဆန္ဒပြပွဲကို ဂျပန်ရောက်မြန်မာတွေသာမက စစ်တပ်အာဏာသိမ်းတာကို လက်မခံတဲ့ မြန်မာ့အရေးကူညီလှုပ်ရှားနေကြတဲ့ ဂျပန်လူမျိုးတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြတာ တွေ့ရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး ဒုတိယလှိုင်း တိုက်ပွဲခေါ်သံအဖြစ် ဂျပန်အပါအဝင် နိုင်ငံတကာမြို့ကြီးမှာ တပြိုင်နက် ကျင်းပနေကြတာဖြစ်ပါတယ်။

ဇော်ဇော်လှိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024