ပီအက်စ်ဂျီ တောင်ပံကစားသမား ဘာကိုလာကို ပေါင် ၁၂၃ သန်းဖြင့် လီဗာပူး ခေါ်ယူ
DVB
·
September 1, 2026

လီဗာပူးအသင်းဟာ ပီအက်စ်ဂျီအသင်းက ပြင်သစ် တောင်ပံတိုက်စစ်မှူး ဘရက်ဒလီ ဘာကိုလာကို ပေါင် ၁၂၃ သန်းနဲ့ တရားဝင် ခေါ်ယူလိုက်ပါတယ်။
အသက် ၂၃ နှစ်အရွယ် ဘာကိုလာဟာ လီဗာပူးအသင်းနဲ့ ၅ နှစ်သက်တမ်းရှိ စာချုပ်တရပ် ချုပ်ဆို ခဲ့တာပါ။
ဒါဟာ လီဗာပူးအသင်းအနေနဲ့ အစားထိုး ခေါ်ယူဖို့ ရာသီဝက်လုံး ကြိုးပမ်းခဲ့တဲ့ အဓိက ပစ်မှတ်လည်း ဖြစ်ပါတယ်။
ဘာကိုလာက လီဗာပူးအသင်းဆီ ပြောင်းရွှေ့ခွင့်ရလို့ ဂုဏ်ယူမိကြောင်း ပြောပါတယ်။ ဒါ့အပြင် အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူနိုင်ဖို မျှော်လင့်ထားကြောင်းလည်း ဆိုပါတယ်။
Photo:Reuters











