DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်က ကုလားမတောင်တန်း မဖြိုချရန် ဒေသခံများ ကန့်ကွက်
DVB
·
March 14, 2014
မွန်ပြည်နယ်က ကုလားမတောင်တန်း မဖြိုချရန် ဒေသခံများ ကန့်ကွက်
Donate to DVB

မွန်ပြည်နယ် ပေါင်မြို့နယ် အုန်းတပင်ကျေးရွာအုပ်စုနားမှာ ကပ်နေတဲ့ ကုလားမ တောင်ကို ဖြိုပြီး အမ်ဘာတို (Amberto) ကုမ္ပဏီက လမ်းခင်းကျောက်ထုတ်လုပ်မှာကို ဒေသခံတွေက မလိုလားတဲ့အတွက် သက်ဆိုင်ရာကို ကန့်ကွက်စာ ပေးပို့လိုက်ပါတယ်။

အုန်းတပင်ကျေးရွာအုပ်စုက ရွာသားတွေက ကုလားမတောင်တန်းက ဖြတ်သန်း စီးကျလာတဲ့ တောင်ကျရေတွေကို အားထားပြီး သောက်သုံးနေရသလို တောင်ပေါ်က တနိုင်တပိုင်း ရေအားလျှပ်စစ်တွေနဲ့ မီးရရှိရေးကို ဖြေရှင်းနေရတာပါ။

[caption id="attachment_53220" align="alignleft" width="300"]ဓာတ်ပုံ - ဇော်နိုင်ထွေး ဖေ့ဘုတ် ဓာတ်ပုံ - ဇော်နိုင်ထွေး ဖေ့ဘုတ်[/caption]ဒါကြောင့် ကုလားမတောင်တောင်းကို ဖြိုချပြီး လမ်းခင်းကျောက် ထုတ်လုပ်မယ်ဆိုရင် သူတို့အတွက် ရေမီး အခက်အခဲတွေနဲ့ ကြုံတွေ့ရမှာမို့ ကန့်ကွက်ကြတာလို့ ဦးငယ်လေးက ပြောပါတယ်။

“အခုလက်ရှိကတော့ အုပ်ချုပ်ရေးရုံးမှာပေါ့နော်၊ သစ်တောမှာ သူတို့က ငွေသွင်းထား ပြီးပြီလို့ ကြားပါတယ်။ အုပ်ချုပ်ရေးမှူးကို ကျနော်တို့ကလည်း စာတင်ထားတဲ့ အခါကျတော့ ကျနော်တို့ ပြည်သူနဲ့ သူတို့အဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ ရလာတဲ့အဖြေကို ရမှာပဲ လိုင်စင်ထုတ်ပေး မယ်ဆိုတဲ့ အနေအထားပါ။ အခုက ကျနော်တို့က ကန့်ကွက်နေတာပဲ။ ဒါပေမယ်သူတို့က အတင်းဇွတ်ဝင်နေတာပဲ။”

ဒီတောင်ကို ဖြိုမချဖို့ အုန်းတပင်ကျေးရွာအုပ်စုအတွင်း ရွာ ၆ ရွာက ရွာသူရွာသား ၁၀၀ ကျော်နဲ့ ဘုန်းတော်ကြီးတွေက အုပ်ချုပ်ရေးမှူးရုံးကို ကန့်ကွက်စာလည်း တင်ထားကြပါတယ်။ အမ်ဘာတိုကုမ္ပဏီဟာ ပုဂ္ဂလိကပိုင် မြန်မာကုမ္ပဏီတခု ဖြစ်ပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သောင်းကတော့ ဒီကိစ္စတွေကို ဖြစ်အောင်လုပ်တာကို သူလုပ်တာလို့ ရွာသားတွေဘက်က နားလည်မှုလွဲနေကြောင်းနဲ့ သူ့မှာ ဘာလုပ်ပိုင်ခွင့်မှ မရှိကြောင်း ရှင်းပြပါတယ်။

အဲဒီရွာမှာ ရောက်နေတဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ဦးတင်လှကတော့ တောင်ဖြိုချလိုက်ရင် တောင်ခြေတ၀ိုက်နားက ဘုန်းကြီးကျောင်းတွေ၊ ဘုရားတွေ၊ ရာဘာစိုက်ခင်းတွေ၊ တောင်ခြေက ရွာတွေအပြင် သဘာဝပတ်ဝန်းကျင်တွေလည်း ထိခိုက်နိုင်တဲ့အကြောင်းနဲ့ ရေမြေသစ်တောတွေကို ထိန်းသိမ်းဖို့ ဥပဒေတွေ ရှိတယ်လို့ ပြောပါတယ်။

အုန်းတပင်ကျေးရွာစုက ရွာ ၆ ရွာအပါအ၀င် တခြားအနီးအနားက ရွာသားတွေကလည်း တောင်ကျရေတွေနဲ့ လျှပ်စစ်ဓာတ်အားကို အမှီပြုနေရတာမို့ တောင်ဖြိုစီမံကိန်း အကောင်အထည်ဖော်မှာ စိုးရိမ်နေကြပါတယ်။
အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013