
ရေထွက်ကုန် ပြည်ပတင်ပို့မှုကနေ ရတဲ့ငွေဟာ အခု ဖေဖော်ဝါရီ နောက်ဆုံးအပတ်ထိ အမေရိကန်ဒေါ်လာ သန်း ၄၉၀ ရနေပြီး ရည်မှန်းချက် မပြည့်မီတဲ့အပြင် အရင်နှစ် ခုလို ကာလ အထိ ၀င်ငွေရဲ့ ၁၆ ရာခိုင်နှုန်း ကျဆင်းနေတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှာ အပတ်စဉ် ကျင်းပတဲ့ သားငါးကဏ္ဍ အစည်းအဝေးမှာ သူက ခုလို ထုတ်ဖော်ပြောဆိုတာပါ။
ပြီးခဲ့တဲ့နှစ် ခုလိုကာလအထိ ရေထွက်ကုန် တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်း ၅၉၀ လောက် ရခဲ့ပြီး အခုလို ဖြစ်ရတာဟာ မြန်မာ့ပင်လယ်ပြင်က ငါးဖမ်းဆီးရမိမှု နည်းလာပြီး
ထုတ်လုပ်မှု ကျဆင်းလာတာကြောင့် ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။











