DVB Logo
Home
မြန်မာသတင်း
ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်၊ သင်္ဘောများ မုန်တိုင်းအန္တရာယ်သတိပြုရန် နှိုးဆော်
DVB
·
May 7, 2022
ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်၊ သင်္ဘောများ မုန်တိုင်းအန္တရာယ်သတိပြုရန် နှိုးဆော်
Donate to DVB

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး မေလ ၇ ရက် ဒီနေ့ ညနေမှာ မုန်တိုင်းငယ်ဖြစ်လာနိုင်ကာ   မေလ ၈ ရက် မနက်ဖန် ညနေမှာတော့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်တယ်လို့ မိုးဇလဌာနက ဒီကနေ့ မနက် ထုတ်ပြန်ထားပါတယ်။  

အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်၊  မိုးထစ်ချုန်းတာတွေကို ကြိုတင်သတိပြု နေထိုင်ကြပါဖို့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ သင်္ဘောတွေ ကြိုတင်သတိပြုကြဖို့လည်း အသိပေး နှိုးဆော်ထားပါတယ်။

မေ ၁၀ ရက်မှာတော့ ဆိုင်ကလုန်းမုန်တိုင်းဟာ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်း ကမ်းလွန်- ဩရိဿကမ်းခြေ)သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အားကောင်းသော လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ဒီနေ့ကစပြီး မေလ ၁၀ ရက်အတွင်း   နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး၊ တချို့ဒေသတွေမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ မိုးသက်လေပြင်းကျ လှိုင်းကြီးနိုင်ကာ ရေပြင်/မြေပြင်လေ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်သလို လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ၈ ပေမှ ၁၀ ပေ ရှိနိုင်တယ်လို့ မိုးဇလက  ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013