DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းခံ လယ်ယာမြေများ ပြန်ရရေးအတွက် တောင်သူ ၁၀၀ ကျော် ဆန္ဒပြ
DVB
·
March 14, 2014
သိမ်းဆည်းခံ လယ်ယာမြေများ ပြန်ရရေးအတွက် တောင်သူ ၁၀၀ ကျော် ဆန္ဒပြ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် စုံကြင်းအုပ်စု အုံတုံပင်ကျေးရွာက တောင်သူ ၁၀၀ ကျော်က မတ် ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲတွင် သိမ်းယူခံထားရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိဖို့အတွက် ဆန္ဒပြခဲ့ကြပါတယ်။

[caption id="attachment_53198" align="alignleft" width="300"]အုံတုံပင်ကျေးရွာက တောင်သူများ မတ် ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲတွင် သိမ်းယူခံထားရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေး ဆန္ဒပြနေကြစဉ် အုံတုံပင်ကျေးရွာက တောင်သူများ မတ် ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲတွင် သိမ်းယူခံထားရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေး ဆန္ဒပြနေကြစဉ်[/caption]အုံတုံပင်ကျေးရွာက ဒေသခံတောင်သူတွေဟာ အုံတုံပင် ဘုန်းကြီးကျောင်းမုဒ်ဝကနေပြီး ပုသိမ်-မုံရွာ ကားလမ်းခွဲအထိ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပြီး တောင်သူတွေမြေယာပေါ်မှာ အောင်ဇေယျမြို့သစ် အမှတ် ၅ နဲ့ ၆ ဖော်ဆောင်မှုကို သဘောမတူတာကြောင့် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

အုံတုံပင်ကျေးရွာက လယ်မြေဧက ၇၀ ကို ၂၀၁၁ ခုနှစ်က သိမ်းယူပြီး ဒီနှစ်ကုန်ခါနီးမှာ မြေကွက် ၆၈၈ ကွက် ရိုက်ကာ တောင်သူတွေကို ၁ ဧက မြေ ၂ ကွက်နှုန်းနဲ့ ပြန်ပေးမယ်လို့ ပြောတဲ့အတွက် လယ်ပိုင်ရှင်တွေက မကျေနပ် ဖြစ်နေကြတာ ဖြစ်ပါတယ်။

မတ်လ ၇ ရက်နေ့ကလည်း ဒေသခံရွာသားတွေရဲ့ ဘိုးဘွားပိုင် လယ်ယာမြေတွေပေါ်ကို ရဲတပ်ဖွဲ့ဝင် အင်အားရာချီသုံးပြီး မြေတူးစက်တွေနဲ့ ၀င်ရောက်ဖျက်ဆီးတာကြောင့် နှစ်ဖက် ပဋိပက္ခဖြစ်ပြီး အသီးသီးဒဏ်ရာရခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013