DVB Logo
Home
မြန်မာသတင်း
တရုတ်ကုမ္ပဏီကို မြစ်ဆုံဒေသခံ ၁၀၀၀ ကျော် ဆန္ဒမဲထည့်ပြီး ကန့်ကွက်
DVB
·
March 13, 2014
တရုတ်ကုမ္ပဏီကို မြစ်ဆုံဒေသခံ ၁၀၀၀ ကျော် ဆန္ဒမဲထည့်ပြီး ကန့်ကွက်
Donate to DVB

ကချင်ပြည်နယ်က မြစ်ဆုံဆည်စီမီကိန်းနဲ့ပတ်သက်ပြီး တရုတ် စီပီအိုင်ကုမ္မဏီရဲ့ ထုတ်ပြန်ချက်တွေကို လက်မခံတဲ့အနေနဲ့ ဒေသခံရွာသား ၁၀၀၀ ကျော်က ဆန္ဒမဲထည့်ပြီး ကန့်ကွက်ခဲ့ပါတယ်။

တရုတ်စွမ်းအင် ကုမ္ပဏီ စီပီအိုင်ရဲ့ ထုတ်ပြန်ချက်တွေမှာ မြစ်ဆုံဆည်စီမံကိန်း တည်ဆောက်ဖို့အတွက် ဒေသခံ ၈၀ ရာခိုင်နှုန်းက ထောက်ခံနေပြီး မြစ်အောက်ပိုင်းဒေသခံတွေကသာ မထောက်ခံခြင်းဖြစ်တယ်လို့ ပါရှိနေတဲ့အတွက် ထောင်နဲ့ ချီတဲ့ ဒေသခံတွေက မတ်လ ၁၂ ရက်နေ့က ဆန္ဒမဲပေးပြီး ကန့်ကွက်လိုက်တာပါ။

Myint-Sone-4-copyစီပီအိုင်ရဲ့ သတင်းထုတ်ပြန်ချက်အတိုင်း ဒေသခံ ၈၀ ရာခိုင်နူန်းက မြစ်ဆုံဆည်ကို ထောက်ခံခြင်း ရှိ မရှိနဲ့ ပတ်သက်ပြီး ဆန္ဒခံယူပွဲကို လုပ်ခဲ့တာလို့ ဆန္ဒမဲကောက်ခံရာမှာ ပါဝင်ခဲ့တဲ့ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့၊ ဒုတိယတာဝန်ခံ ကိုသားကြီးက ပြောပါတယ်။

ဆန္ဒမဲကောက်ခံမူကို မြစ်ဆုံဆည်ကြောင့် ပြောင်းရွှေ့ခံရသူတွေနေထိုင်တဲ့ အောင်မြင်သာ၊ မလီယန်၊ သံခေးနဲ့ ကျိန်ခရန်ကျေးရွာတွေမှာ ကောက်ခံခဲ့ပြီး ဒေသခံ ၁၀၀၀ ကျော်က ဆည်ဆောက်လုပ်မှုကို မဲထည့်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။

မြစ်ဆုံဆည်စီမံကိန်း ဆက်မလုပ်တော့ပေမယ့် ဒီစီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ ဒေသခံတွေက မူလကျေးရွာတွေမှာ ပြန်လည်အခြေချနေထိုင်ခွင့် မရတဲ့အပြင် တောင်ယာလုပ်ငန်းတွေအတွက်လည်း အခက်အခဲတွေရှိနေတယ်လို့ အောင်မြင်သာကျေးရွာမှာ နေထိုင်တဲ့ ဒေါ်ဂျာခေါန်က ပြောပါတယ်။

မြစ်ဆုံဆည် စီမံကိန်းကို တရုတ်စွမ်းအင် ကုမ္ပဏီ စီပီအိုင်နဲ့ စွမ်းအင်ဝန်ကြီးဌာနတို့က ပူးပေါင်းပြီး ၂၀၀၉ ခုနှစ်က စတင်ခဲ့ပေမယ့် ပြည်သူတွေရဲ့ကန့်ကွက်မူကြောင့် သမ္မတဦးသိန်းစိန်က သူ့ရဲ့ သမ္မတ သက်တမ်းမှာ ရပ်နားထားမယ်လို့ ၂၀၁၁ စက်တာဘာမှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013