DVB Logo
Home
မြန်မာသတင်း
နေပြည်တော်မြေသိမ်းမှု ဖြေရှင်းပေးစေလို
DVB
·
March 13, 2014
နေပြည်တော်မြေသိမ်းမှု ဖြေရှင်းပေးစေလို
Donate to DVB

သမ္မတရုံးနဲ့ အစိုးရ၀န်ကြီးဌာနရုံးစိုက်ရာ နေပြည်တော်မှာ အစိုးရက သိမ်းယူထားတဲ့ မြေတွေကိစ္စ ခုချိန်ထိ ဖြေရှင်းပေးတာ မရှိသေးဘူးလို့ လယ်ယာမြေသိမ်းခံထားရတဲ့ ဒေသခံလယ်သမားတွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ မြို့တော်သစ် နေပြည်တော်တည်ဆောက်ဖို့ ၂၀၀၀ ပြည့်နှစ်ကျော်လောက်ထဲကတည်းက လယ်ဝေး၊ ပျဉ်းမနားနဲ့ တပ်ကုန်းမြို့နယ်တွေထဲ လယ်ယာမြေတွေကို အစိုးရက သိမ်းဆည်းခဲ့တာပါ။

Farme၂၀၀၈ ခုနှစ်မှာတော့ အစိုးရက ၁ ဧက လျော်ကြေး ငွေ ၃ သိန်းကျော်ပေးတဲ့ လယ်မြေတွေရှိသလို လျော်ကြေးမပေးတဲ့ လယ်ယာမြေတွေလည်း ရှိခဲ့ပါတယ်။

အခု နေပြည်တော်မှာ မြို့ပြတည်ဆောက်ရေးအတွက်လည်း အသုံးမပြု၊ လယ်သမားတွေကိုလည်း ပြန်မပေးဘဲ သိမ်းထားဆဲဖြစ်တဲ့ လယ်ယာမြေတွေကိစ္စ အခုချိန်ထိ ဖြေရှင်းမပေးတဲ့အတွက် အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့ ဒေသခံတွေက လိုလားနေကြတာပါ။

နေပြည်တော်လေယာဉ်ကွင်း တည်ဆောက်ရေးအတွက် လယ်မြေ ၇ ဧက သိမ်းဆည်းခံခဲ့ရတဲ့ အေလာအုပ်စု ရွာသစ်ကျေးရွာက လယ်သမား ဦးမာဒင်က သူ့ရဲ့ဆုံးရှုံး နစ်နာချက်တွေနဲ့ လိုလားချက်တွေနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

“ကနေ့အချိန်အထိတောင် ကျနော့်လယ် ပြန်ရဖို့နေနေသာသာ ဘယ်ဌာနကမှ ကျနော်တို့ကို လာပြီး တွေ့ဆုံတာလည်း မရှိသေးပါဘူး။ သမ္မတကသာ ပြောနေတာလေ၊ သူ့ရဲ့ အစိုးရအဖွဲ့က ဘာတခုမှ တောင်သူတွေအတွက် မစဉ်းစားဘူး။”

သိမ်းထားတဲ့ လယ်မြေတွေကို လာမယ့် စက်တင်ဘာလကုန် နောက်ဆုံးထားပြီး ပြန်ပေးဖို့ လွှတ်တော်က တိုက်တွန်းထားသလို အစိုးရကလည်း နိုင်ငံတ၀ှမ်းမှာ မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီတွေ ဖွဲ့ပြီး ဖြေရှင်းဆောင်ရွက်ပေးနေပါတယ်။

နေပြည်တော်မှာ မူလ လယ်ပိုင်ရှင်တွေ လယ်ပြန်ရရေး လက်တွေ့ဆောင်ရွက်ပေးမှု အားနည်းနေတယ်လို့ တောင်သူလယ်သမားတွေကို အကူအညီပေးနေတဲ့ ဦးကျော်ဆွေလတ် က ပြောပါတယ်။

“မြန်မာပြည်မှာ နေပြည်တော်က အဆိုးဆုံးလို့ပဲ ပြောရမှာပဲ။ ၂၀၁၂ လယ်ယာမြေကဏ္ဍ သတ်မှတ်ထားတဲ့ ဥပဒေအရကို ဘယ်လယ်မြေကိုမှ လျော်ကြေးပေးတာ မရှိသေးဘူး။ လွှတ်တော်ရဲ့ လုပ်ရပ်ရယ်၊ သမ္မတက ပြောဆိုတဲ့ကိစ္စတွေ အကုန်လုံးက တကယ်လက်တွေ့ မှာက ဘယ်ကိစ္စကိုမှ ဖြေရှင်းပေးတာလည်း မရှိဘူး။ သမ္မတက နေပြီးတော့ စက်တင်ဘာလ နောက်ဆုံးပိတ် ဇွန်လတကြိမ် မိုးရာသီ၊ ဆောင်းရာသီအတွက်ကို လယ်သမားတွေကို အပြတ် ဖြေရှင်းပေးရမယ်လို့ ပြောပေမယ့်လို့ လက်ရှိ အစိုးရကိုက နားမထောင်တာ များသွားပြီ သူတို့ ထင်ရာပဲ လုပ်ကြတာ။”

နေပြည်တော် ကြို့ဇလုပ်ကျေးရွာက လယ်နဲ့ ယာမြေ ၁၀ ဧက အသိမ်းခံလိုက်ရတဲ့ ဦးနေလင်းအောင်ကတော့ လယ်မြေတွေ ပြန်မရသေးပေမယ့် မိသားစုစားဝတ်နေရေးအတွက် အရဲစွန့်ပြီး ကိုယ့်လယ်ကိုယ် ပြန်စိုက်နေတယ်လို့လည်း ပြောပါတယ်။

“စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက ကျနော်တို့က သွားတွေ့လို့တောင်မှ သူတို့ဘာသာသူတို့ လိုက်ပြီး စုံစမ်းဖော်ထုတ်ဖို့ နေနေသာသာ ကျနော်တို့သွားရင်တောင် သူတို့ကို တွေ့ခဲပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဘာမှ လုပ်ပေးတာ မရှိပါဘူး။ ကာကွယ်ရေးဝန်ကြီးချုပ်က ပြန်ပေးမယ် ပြောထားတော့ ကျနော်တို့က ဖြစ်လာလိမ့်မယ်ထင်တဲ့သဘောနဲ့ အတင်းအဓမ္မ နည်းစနစ်နဲ့ ၀င်စိုက်တော့ စိုက်နေတာပဲ။ ရှေ့လည်း နိုင်ငံတော်အကြီးအကဲလူကြီးတွေက ရှင်းပေးသည် ဖြစ်စေ၊ မရှင်းပေးသည်ဖြစ်စေ ကျနော်တို့ကတော့ ရှေ့လည်းဆက်ပြီး စိုက်မှာပဲ။ အခုလည်း စိုက်တယ်။”

နေပြည်တော် မြေယာစီမံခန့်ခွဲရေးကော်မတီက အထောက်အထား အခိုင်အလုံနဲ့ တင်ပြလာရင် လယ်ယာမြေတွေကို ပြန်ပေးမယ်လို့ ကြေညာထားတဲ့အပြင် ဒုသမ္မတ ဦးဥာဏ်ထွန်းကလည်း ခိုင်လုံတဲ့ အထောက်အထား မရှိပေမယ့် ရပ်မိရပ်ဖတွေက ထောက်ခံရင် ပြန်လည်စိစစ်ပေး အပ်နိုင်ကြောင်း မတ်လ ၁၀ ရက်နေ့ ပြည်ထဲရေးဝန်ကြီးဌာန ဗဟိုမြေယာခန့်ခွဲရေးကော်မတီ အစည်းအဝေးမှာ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013