DVB Logo
Home
မြန်မာသတင်း
မြေအောက်တော်လှန်ရေးရဲဘော်များအတွက် NUG ဒုဝန်ကြီး အိသဉ္ဇာမောင် ဆွဲကြိုး ကံစမ်း ဝယ်ယူနိုင်
DVB
·
May 5, 2022
မြေအောက်တော်လှန်ရေးရဲဘော်များအတွက် NUG ဒုဝန်ကြီး အိသဉ္ဇာမောင် ဆွဲကြိုး ကံစမ်း ဝယ်ယူနိုင်
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ တထောင့်တနေရာက စွမ်းစွမ်းတမံ ပါဝင်လှုပ်ရှားနေကြတဲ့ မြေအောက်တော်လှန်ရေး ရဲဘော်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒုဝန်ကြီး အိသဉ္ဇာမောင်ရဲ့ ဆွဲကြိုးကို ကံစမ်းဝယ်ယူနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ဒီကံစမ်းရန်ပုံငွေရောင်းချပွဲကိုတော့ ရန်ကုန်က အော်ပရေးရှင်း အသစ်တခုအတွက် ရည်ရွယ်ကာ ငွေကျပ်သိန်း ၁၀၀ ရရှိနိုင်ဖို့ မျှော်မှန်းထားပြီး ကံစမ်းမဲလက်မှတ်တစောင်ကို မြန်မာငွေကျပ် ၂ သောင်းနဲ့ ဝယ်ယူအားပေးနိုင်မှာ ဖြစ်ပါတယ်။

“ကဲ အရေးကြီးလို့ ပိုက်ဆံရှာဦးမယ်။ UG တွေအတွက် ကျမရဲ့ ဆွဲကြိုးလေးကို ကံစမ်းမဲ ရောင်းချင်ပါတယ်။ တစောင်ကို မြန်မာငွေနှစ်သောင်း၊ အားလုံးဝယ်နိုင်မယ့် ဈေးနဲ့ လုပ်ထားပါတယ်။ ရန်ကုန် အော်ပရေးရှင်းအသစ်တခုအတွက် သိန်း ၁၀၀ မှန်းထားလို့ ဝယ်ကူကြပါဦး။ သိန်း ၁၀၀ ထက် ကျော်ရရင်လည်း ပျော်တာပေါ့နော် ❤️❤️ ။ အားစိုက်ပေးကြပါဦး ချစ်သောသူတို့ရေ။”

မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရား အကြမ်းဖက်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ခုခံတော်လှန်စစ်ပွဲ ဆင်နွှဲနေကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအပြင် မြို့ပြပျောက်ကျားရဲဘော်တွေ အတွက်လည်း ရန်ပုံငွေလိုအပ်ချက်တွေ မြင့်မားနေတာမို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်သူတရပ်လုံးက စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်နိုင်ဖို့ အဘက်ဘက်က ရန်ပုံငွေရှာဖွေ ထောက်ပံ့မှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ NUG အစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး အိသဉ္ဇာမောင်ရဲ့ ဆွဲကြိုးရန်ပုံငွေလက်မှတ် ဝယ်ယူလိုသူတွေအနေနဲ့ m.me/soldiercatmm ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

မြန်မာပြည်တွင်းကဆိုရင်တော့ kpay, wavepay တို့ကတဆင့် ဝယ်ယူနိုင်သလို နိုင်ငံရပ်ခြား တိုင်းပြည်တွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ထိုင်း၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်စတဲ့ နိုင်ငံတွေကလည်း ပါဝင်လှူဒါန်းနိုင်ကြောင်း ဒုဝန်ကြီးက နှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013