DVB Logo
Home
မြန်မာသတင်း
ကလေး PDF တပ်ရင်းတွင် ဆေးဝါးအကူအညီများ လိုအပ်နေ
DVB
·
May 5, 2022
ကလေး PDF တပ်ရင်းတွင် ဆေးဝါးအကူအညီများ လိုအပ်နေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက် ကလေး PDF တပ်ရင်း ၅ မှာ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ကလေး PDF အဖွဲ့က ပြောပါတယ်။

နွေရာသီအပြီး မိုးရာသီဝင်တော့မှာဖြစ်ပြီး ရာသီအကူးအပြောင်းကာလမှာ တပ်ရင်းက တပ်သားတွေ ဖျားနာမှု မရှိစေရေးအတွက် အလှူခံရတာလို့ ဆိုပါတယ်။

ကလေးနယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး တိုက်ပွဲအတွင်း ဒဏ်ရာရတဲ့ တပ်သားတွေကို ဆေးဝါးကုသပေးဖို့ လိုအပ်နေပါတယ်။

၃ လက်မ ၄ လက်မ ပတ်တီး၊ ၄ လက်မ ၅ လက်မ soft bandage၊ Betadine ဘူးသေး 10box၊ ကျောကပ်ပလာစတာ၊ Sterile Gauze၊ E'glove၊ Surgical Glove No-61/2,7၊ ကျောပိုးအိတ်အမာတလုံး၊ Oral Flumox၊ Oral Augmentin 625 စတဲ့ ဆေးပစ္စည်းတွေ လိုအပ်နေတာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင် လှူဒါန်းပေးကြဖို့ ကလေး PDF က ပြောပါတယ်။

"ပြည်သူလူထုက ပံ့ပိုးကူညီမှသာ ဝယ်ယူနိုင်မှာဖြစ်ပြီး တပ်သားတွေက ကျန်းမာ‌ရေးကောင်းမွန်မှသာ တိုက်ခိုက်နိုင်မှာကြောင့် ပြည်သူတွေက နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ပါဝင်ပံ့ပိုးပေးကြပါလို့ မေတ္တာရပ်ခံ‌ကြောင်း၊ အရင်ပံ့ပိုး‌ပေးတဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း။"

လက်ရှိမှာတော့ ကလေးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေကြား စစ်ရေးတင်းမာနေတာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ ကလေး-ဂန့်ဂေါလမ်းပိုင်းကို အသုံးမပြုကြဖို့လည်း ကလေး PDF က အသိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013